23 [Zawgyi]

100 6 0
                                    



ရွှေအိုရောင်နဂါးဝတ်ရုံတော်လွင့်လျက်လှမ်းသော ခြေတံ
ရှည်ကြီးနောက် ဝမ်ကျယ်ထပ်တူကျအောင် မနည်းလိုက်
ယူရသည်။မေးရိုးများတည်တင်း၍ခက်ထန်သည့်မျက်နှာ
သွင်ပြင်မှာ ချုပ်ထိန်းလာသည့်ဒေါသကို အပြင်မထွက်
စေလိုကြောင်းသိသာ၏။အားနှင့်ခပ်ကျစ်ကျစ်ဆုပ်ကိုင်
ခံထားရသော ဝမ်ကျယ်၏လက်ကောက်ဝတ်က နာကျင်
သော်လည်း စောဒကမတတ်ရဲ။အရှင်ခေါ်ဆောင်ရာ နန်း
ဆောင်ဆီသို့ ရေငုံနှုတ်ပိတ်လိုက်ပါလာရ၏။

"ချင်ကုန်းကုန်း!ငါကိုယ်တော် မခေါ်ဘဲ တစ်ယောက်မှ
ဝင်မလာစေနဲ့။"

"အမိန့်တော်အတိုင်းပါ..အရှင်။"

ချင်ကုန်းကုန်းသည် အမိန့်ကိုလက်ခံပြီးသည်နှင့် နောက်
လိုက်ရံရွှေတော်၊အမှုထမ်းများအား သူ့နည်းတူကျန်ခဲ့
စေလျက် အိပ်ဆောင်တံခါးကို စေ့ပိတ်ပေးလိုက်သည်။

"လာ!မင်းဘာကိစ္စ သူနဲ့လိုက်သွားရတာလဲ!ပြောစမ်း!"

အိပ်ဆောင်အတွင်းဘက်တစ်နေရာအရောက် ဝမ်ကျယ့်
လက်ကိုဆောင့်လွှတ်လျက် ဒေါသများကိုဖွင့်ဟသည်။
မည်သို့ပင် ဖန်းအိမ်ရှေ့စံရှေ့ အရှိန်အဝါထား၍စိန်ခေါ်
မှုကို လက်ခံလိုက်သည်ဆိုစေ။ရှောင်းအရှင်၏ရင်ထဲ၌
မည်မျှပူလောင်ပြင်းပြနေရသည်ကို မည်သူမှမသိနိုင်။
ကိုယ်တော်တိုင်ပင် ထိုမျှထိအိနြေ္ဒသိက္ခာမရ ပူပန်ဒေါသ
ထွက်ရမှန်းကို နားမလည်ချေ။

"မ မဟုတ်ပါဘူး...အိမ်ရှေ့စံ အယ့် အရှင်မင်းမြတ်!"

"ဘာ!မင်း ငါကိုယ်တော်ကို ဘယ်လိုခေါ်ဝေါ်လိုက်တယ်။ "

ထိတ်လန့်၍လွဲချော်မှုသည် ရှောင်းအရှင်၏ဒေါသမီး
အဟုန်အား လေပင့်လိုက်သည့်နှယ့်။အရှင်သည် ရှူးရှူး
ရှားရှားနှင့်အနားကပ်လာလျှင် ဝမ်ကျယ်နောက်အနည်း
ငယ်ဆုတ်ပြီး အလောတကြီးရှင်းပြလိုက်ရသည်။

"ဟို ဟို အိမ်ရှေ့စံ အတင်းခေါ်လာတာကို ပြောချင်တာ
ပါ အရှင်!အိမ်ရှေ့စံက သူ့ကိုဧည့်ခံဖို့အတင်းတောင်းဆို
နေတာနဲ့.. "

"တော်စမ်း!မင်းပါးစပ်က အဲ့ဒီအိမ်ရှေ့စံ ဆိုတဲ့အသံကို
ငါကိုယ်တော် မကြားချင်ဘူး။မင်းအဲ့ဒီကောင်ကိုသိပ်
သဘောကျနေလား..ဟမ်!မနေ့ညကလည်း မင်းစားပွဲ
ပေါ်မှာ သူပေးထားတဲ့ပုဝါကိုတွေ့တယ်။ခုလည်း သူ
အတင်းတောင်းဆိုတိုင်း မင်းလိုက်သွားစရာလိုလို့လား။
ဒါမှမဟုတ် မင်းကဖန်းတိုင်းပြည် လိုက်သွားပြီး ငါကိုယ်
တော်ကို အာခံချင်နေတာလား။ဝမ်ကျယ် !!မင်းမှာဒီလို
မျက်နှာလှလှလေးရှိတိုင်း ယောက်ျားတိုင်းကို လိုက်
မြူစွယ်နေလို့မရဘူး!!! "

Oh..My Dear!Where stories live. Discover now