"ကျဲကျယ် ပြန်လာပြီလား !"ဝမ်ကျယ်အဆောင်တံခါးဖွင့်ဝင်လိုက်သည်နှင့်ခပ်စာစာ အသံတစ်ခုက ရှေးဦးစွာဆီးကြိုနေသည်။ထိုအသံပိုင်ရှင််
မှာ ဝမ်ကျယ်အား နားဒုက္ခအပေးနိုင်ဆုံးသော ရှောင်လုံမှ
လွဲလျှင် မည်သူဖြစ်ရမည်နည်း။ဝမ်ကျယ့်ဘဝလေးကား
အဆောင်သို့ ပြန်ရောက်သည့်တိုင် စိတ်အေးချမ်းသာစွာ
ဖြင့် အနားမရနိုင်ပေ။"ရှောင်လုံ ရောက်နေတာလား။ "
"ရောက်နေတာကြာပေါ့! အရှင်ရဲ့ အချစ်မေတ္တာတွေပို
လျှံကမ်းပြိုပြီး လာပို့ဆောင်ခိုင်းထားတဲ့လက်ဆောင်
ပဏ္ဍာတွေကိုတောင် ဒီရှောင်လုံလေးက သေချာလက်ခံ
ပေးလိုက်ရပါသေးတယ်။ "ရှောင်လုံသည် အငေါ့စကားနှင့်အတူ နံဘေးရှိစားပွဲငယ်
လေးကို လှမ်းမေးဆတ်ပြသည်။ဝမ်ကျယ် ကြည့်လိုက်
လျှင် အောက်ခံကတ္တီပါပိုးသားစခင်းကျင်းထားသည့်
ရွှေတုံး၊ငွေစ လက်ဆောင်ပဏ္ဍာအချို့အား တွေ့လိုက်ရ
သည်။ပင်ပန်းနွမ်းလျနေသော ဝမ်ကျယ့်မျက်နှာလေး
သည် ရေဖျန်းလိုက်သည့်ပန်းနှယ် ချက်ချင်းရွှင်လန်း
သွားရလေပြီ။"ဟွန့်! ကျဲကျယ်တို့များ မျက်နှာကိုပြုံးနေတာပဲ။အင်း
လေ...အချစ်ခံရတာကိုး!ရှောင်လုံကတော့ ကံမကောင်း
ပါဘူး။အကျိုးမဲ့၊အကြောင်းမဲ့ ကျောက်စိမ်းတံဆိပ်ပြား လေး အသိမ်းခံလိုက်ရတယ်။ "ရှောင်လုံက ရိုးရိုးသာမာန်ရင်ဖွင့်သော်လည်း ဝမ်ကျယ်
မှာလိပ်ပြာမလုံပေ။ ယင်းကျောက်စိမ်းတံဆိပ်ပြားကိစ္စ
သည် ဝမ်ကျယ့်အပြစ်မကင်းသော်လည်း ရှောင်လုံကို
ဝန်ခံတောင်းပန်၍မဖြစ်။ရက်သတ္တပတ်လောက်ဖျားသွား
စေနိုင်သည့်လေကြောနှင့် လူကိုဒုက္ခပေးနိုင်သည်။"အင်း..ဘာပဲဖြစ်ဖြစ် လက်ခံထားပေးလို့ ရှောင်လုံကို
ကျေးဇူးတင်ပါတယ်။ "ဝမ်ကျယ်စကားလမ်းကြောင်းလွှဲလိုက်ပြီးနောက် လက်
ထဲပါလာသည့် ပုဝါအဖြူလေးနှင့်စွန်လေးကို စားပွဲပေါ်
တင်လိုက်သည်။ထို့နောက် လက်ဆောင်ပဏ္ဍာရသည့်
ရွှေတုံး၊ငွေစများကိုမူ သူ၏အိပ်ရာနားသို့ ပြောင်းရွှေ့
သိမ်းဆည်းရန် ကြိုးပမ်းနေသည်။
YOU ARE READING
Oh..My Dear!
Fanfiction"နဂိုတည်းက ယောက်ျားကြီးက မိန်းမပျိုအယောင်ဆောင် ထားရတာလေ။ ခုဘယ့်နှယ့် ...အယောင်ဆောင်ကြင် ယာတော်ကြီး တုန်း။အိုင်းယား..ဟိုဘဝက ဘာတွေများ လုပ်ခဲ့မိလို့ ငါလေးကျမှ ကွက်ပြီးကံဆိုးမိုးမှောင်ကျနေရ တာလဲ။ " Wang jie~ Zhanyi