11

1.9K 273 305
                                    




ရှောင်လုံတစ်ယောက် ထွက်ပြေးရန် ပြင်လိုက်သော်
လည်း အခွင့်အရေးပေးမလာချေ။


"နေဦး!မင်းက ကျိုးမျိုးရိုးမလား။ မင်း ကျောက်စိမ်း
တံဆိပ်ပြား ငါကိုယ်တော်ဆီ ပေးခဲ့။ "

ထိုသည်မှာ ကျိုးအိမ်တော်၏ ကျောက်စိမ်းတံဆိပ်ပြား
ကို ပြန်သိမ်းသည့်သဘော။ရှောင်လုံ သူဘာမှမမွှေထား
ရပါဘဲနှင့် ခေါင်းမီးတောက်သွားရသည်။အဖေသာသိ
လျှင် သူသေမှာ။သို့သော် အရှင်မင်းမြတ်အမိန့်တော်ကို
မလွန်ဆန်နိုင်၍ မနက်ကမှကျဲကျယ် ပြန်ပေးထားသော တံဆိပ်ပြားလေးကို ငိုမဲ့မဲ့နှင့် အရှင့်လက်ထဲ အပ်လိုက်ရ
သည်။



"သွားလို့ ရပြီ။ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ။ နောက်တစ်
ခါ နန်းတော်ထဲက ခိုးထွက်ဖို့အကူအညီပေးရင် အအေးနန်း
ဆောင်ထဲမှာ သုံးရက်သုံးညတိတိ အပြစ်ပေးခံရမယ်။ "


ရှောင်းအရှင်၏ ပြင်းပြင်းထန်ထန်သတိပေးမှုကို ကြားရ
ပြီးနောက် ရှောင်လုံ သဘောပေါက်သွားရလေသည်။သူ
တော့ လူပေါင်းမှားပြီဆိုသည်ကို။ကျဲကျယ် ရက်စက်
လိုက်လေခြင်း။အရှင်မိသွားသည့်ကိစ္စကို နည်းနည်း
လေးတောင်မှ လူကိုအသိမပေးဘူး။


"ဟုတ်ကဲ့!အမိန့်တော်ကို နာခံ​လျက်ပါ။ အရှင့်ရဲ့သက်
ညှာထောက်ထားပေးမှုကို ကျေးဇူးအထူးသိတတ်တော်
မူပါ့မယ်။ "


ဘာနေနေ ရှောင်လုံအရိုအသေပေးပြီး ပြေးတော့သည်။
ကျန်ခဲ့သည့်ကျဲကျယ်ကိုတော့ 'အဆင်ပြေပါစေ' ဟုသာ
စိတ်ထဲမှ ဆုတောင်းပေးခဲ့လိုက်၏။


"ရှောင်လုံ! သေချာဝတ်ကြည့်မှ လည်ပင်းနေရာက
နည်းနည်းချောင်နေသလားလို့။ညှပ်ရိုးတစ်ဝက်
လောက် ပေါ်နေတယ်မလား။ အယ့် !"


ဝမ်ကျယ် အလွှာများသည့်ဝတ်ရုံအောက်နားစကို အနည်း
ငယ် မ,လျက် ထွက်အလာ။ခန့်ခန့်ညားညားကြီး ရပ်နေ
သောရှောင်းအရှင်ကို မြင်လျှင် မ,ထားသည့်ဝတ်ရုံစလေးတောင် ပြန်လွတ်ကျသွားသည်။


ရှောင်လုံ ဘယ်များရောက်သွားတာလဲ!



"အဟမ်း! ခြေထောက်က သက်သာသွားပြီလား။"


Oh..My Dear!Where stories live. Discover now