26

1.2K 218 152
                                    








နောက်တစ်နေ့ထုတ်ပြန်လာချက်မှာ မြန်မြန်ဆန်ဆန်ပင်။
ကြင်ယာတော်ရွေးပွဲကို အောင်မြင်သွားကြသော တုံပေ
နယ်မှ လျန်ရွယ်ဝမ်အား ဝမ်ယွင်မိဖုရားအဖြစ်လည်း
ကောင်း၊ကျိုးအမတ်ချုပ်ကြီးသမီး ကျိုးရှောင်လုံအား
ရှောင်ကျုးမိဖုရားအဖြစ်လည်းကောင်း၊သံတမန်နယ်စား
ချောင်အမတ်မင်း၏သမီး ချောင်ဝေအား ဝေယွမ်မိဖုရား
အဖြစ်လည်းကောင်းနှင့်၊ကျန်ကိုယ်လုပ်တော်နှစ်ယောက်
အား အသီးသီးတင်မြှောက်ရန် ရက်သတ်မှတ်လိုက်၏။



ထိုထဲတွင် ဝမ်ယွင်မိဖုရားအဖြစ် ဘွဲ့ချီးမြှင့်ခံရမည့်
လျန်ရွယ်ဝမ်မှာ အစောဆုံးရက်သတ်မှတ်ခံရသူဖြစ်သည်။


ထိုသို့ညီလာခံကြေညာချက်အပြီး၌ ရှောင်းအရှင်ထံသို့ မထင်မှတ်သည့်သတင်းကောင်းတစ်ခု ဆိုက်ရောက်လာ
လေသည်။ဤသည်ကား ဖန်းအိမ်ရှေ့စံက သူတိုင်းပြည်
ရှိရာအရပ် ပြန်တော့မည်ဟူသောသတင်းပင်။ရုတ်ချည်း ကောက်ကာငိုင်ကာလက်လျော့လိုက်သည့်အဖြစ်မှာ
စဉ်းစားစရာကောင်းလွန်းပေသော်လည်း မည်သို့မည်ပုံ
အကြောင်းဖြင့်ပြန်ပါစေဦးတော့ ပြန်ဖို့သာအရေးကြီး
ပေသည်။



ရှောင်းအရှင်က ထိုကဲ့သို့ဝမ်းမြောက်ဝမ်းသာရှိလှသော်မူ တစ်ဖက်မှ ဝမ်ကျယ်ကား အခြေအနေမဟန်။သူ့ခဗျာ
ခြေထောက်ကြီးတစ်ဖက်ယောင်ကိုင်းနေရှာ၍ အဆောင်
ပြင်သို့ပင် ခြေမလှမ်းနိုင်ပေ။



"ဒီလောက်များယောင်သွားအောင် ခြေထောက်ကို
ဘယ်လိုဆေးလိမ်းလိုက်ပါလိမ့်..သခင်မလေးရယ်!"


သမားတော်အိုကြီးက ခပ်ညည်းညည်းရေရွတ်ရင်း ကုသ
ပေးနေလျှင် ဝမ်ကျယ် နှုတ်ပိတ်နေရ၏။ဝမ်ကျယ့်ဘဝ
လေးကား ထိုသ်ို့ဖြစ်၏။တရားခံမှာ ရှောင်းအရှင်မင်းမြတ်
ဖြစ်နေ၍ မည်သူ့ကိုမှမပြောပြရဲ။


သည်ကြားထဲ မိုးလင်းတည်းကအနားရောက်လာကာ
စူးစမ်းစပ်စုနေသော ရှောင်လုံကလည်းတတွတ်တွတ်။သမားတော်ကြီးသာ ဆေးလိမ်း၊ဆေးထည့် အကြော
သေချာပြင်ပေးပြီးပြန်သွား၏။ရှောင်လုံ၏စကားမှာ
အဆုံးမရောက်သေး။သည်သံသရာထဲသာ တဝဲလည်
လည်နှင့်။



Oh..My Dear!Onde histórias criam vida. Descubra agora