8 [zawgyi]

335 10 0
                                    



တစ်ချိန်လုံးဘေးတွင်ရှိနေသည့် ဟုန်ရိက ဖြစ်စဉ်တစ်ခု
လုံးထက် ရှောင်းအရှင်ကိုသာ သေချာအကဲခတ်နေသည်။ဟုန်ရိနှင့်ရှောင်းအရှင်မှာ လမ်းလျောက်ထွက်လာရင်း
အနှီမိန်းမပျိုတစ်သိုက် စုစုရုံးရုံးဖြစ်နေကြခြင်းနှင့် တိုး
သည်ပင်။ပုံမှန်ဆိုလျှင် ရှောင်းအရှင်သည် ထိုသို့ဝင်ပါ
မည့်သူမျိုးမဟုတ်။သို့သော် ဒူးထောက်လိုက်သည့်
မိန်းကလေးကိုမြင်လျှင် အကြီးအကျယ် ဒေါသထွက်
သွားပုံရသည်။နာမည်ခေါ်လိုက်မှ ဟုန်ရိသဘောပေါက်
တော့သည်။အနှီမိန်းမပျိုသည် ဟုန်ရိ အရမ်းတွေ့ချင်
နေရပါသော လျန်ရွယ်ဝမ် ပင်။

"အရှင် !ဖန်းယွဲ့ က နားမလည်သူကို အပြစ်သိအောင်
ဆင်ခြင်ခိုင်းနေတာပါ "

"အပြစ်! ဘာအပြစ်လဲ။ အပြစ်ရှိခဲ့ရင်တောင် ဒီနေရာ
မှာ အပြစ်ပေးနိုင်တဲ့သူက ငါကိုယ်တော်ပဲ။ "

ရှောင်းအရှင်၏စကားမှာ ပြတ်သားလှသည်။ထို့အတူ
မျက်လွှာအောက်က တစေ့တစောင်းအကြည့်သည်
ထိုမင်းသမီးအား အပြင်းအထန်သတိပေးနေသဖွယ်။
၎င်းမင်းသမီးထံမှ လျှောက်တင်သံပင်လျှင် ထပ်ထွက်
မလာတော့ချေ။ထို့နောက် မျှားဦးက ခပ်တောင့်တောင့်
ရပ်နေသော ဝမ်ကျယ့်ဘက်လှည့်သွားလေသည်။

"ဘာရပ်လုပ်နေသေးတာလဲ။ မင်း အချိန်ဖြုန်းလို့
မ ဝသေးဘူးလား။ သွားမယ်။ "

"ဟုတ် ဟုတ်ကဲ့။ "

ရှောင်းအရှင်ကား ဝမ်ကျယ့်ကိုဘယ်ခေါ်နေပြန်ပြီလဲ
မသိ။သူမျက်နှာမသာမယာနှင့် လိုက်သွားရန်ပြင်
လျှင် ရှောင်းအရှင်က တစ်စုံတစ်ခုပြောဖို့ကျန်သည့်
အနေအထားဖြင့် ခြေလှမ်းများကိုရပ်တန့်လိုက်သည်။

"ဪ..ငါကိုယ်တော် အသိပေးဖို့ကျန်သေးတယ်။
အချင်းချင်း အနိုင်ကျင့်မောက်မာတာမျိုးကိုတွေ့ရ
တာ သည်တစ်ကြိမ် နောက်ဆုံးလို့သတ်မှတ်တယ်။
နောက်တစ်ခေါက်ဆို ဘယ်သူ့ကိုမှ ခွင့်လွှတ်ပေး
တော့မှာ မဟုတ်ဘူး။ "

ထိုစကားသည် မည်သူ့ကိုဦးတည်နေမှန်း သိသာလွန်း
လှသည်။ဖန်းမင်းသမီး၏နှုတ်ခမ်းတစ်စုံသည် ခပ်တင်း
တင်းဖြစ်သွား၍ အံမကြိတ်ရုံတမယ်။ရှောင်လုံကတော့
အားရကျေနပ်လွန်း၍မသိမသာ ခိုးပြုံးဖြစ်သွားသည်။

Oh..My Dear!Where stories live. Discover now