27

1.7K 226 150
                                    




💥ကားခန်းဖြစ်ပါ၍အသက်ပြည့်မှဖတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်ခဗျာ။ 💥



တံခါးဖွင့်သံကြားရပြီးနောက် ဖြေးဖြေးမှန်မှန်ခြေသံသည်
ဝမ်ကျယ့်အနားနီးကပ်၍လာနေသည်။ရာသီဥတုကအေး
နေပါလျက်နှင့် ဝမ်ကျယ့်ခန္ဓာကိုယ်သည် အိုက်စပ်စပ်ဖြစ်
လာသည်။ချွေးစေးအချို့နဖူးတွင် စီးကပ်ကပ်ဖြစ်လာခြင်း
မှာ ဝတ်ရုံနှင့်ပုဝါခြုံထားခြင်းကြောင့်ဟု သူခပ်လွယ်လွယ်
မှတ်ယူပြီး အားတင်းနေသည်။


တစ်ချိန်တည်းမှာတင် ရှောင်းအရှင်ကပုဝါကို လှပ်လိုက်၏။



"အရှင်..."


ဝမ်ကျယ်ခေါ်လိုက်သည်နှင့် အရှင့်၏ရှည်လျားသော
လက်ချောင်းအချို့သည် သူ့နှုတ်ခမ်းလွှာထက်ဖိကပ်
လာလေသည်။ထိုတင်မကသေး။အနားကပ်လာလျက်
လေသံတိုးညှင်းဖွတစွာ ဆိုလာ၏။



"တိတ်တိတ်နေ!ငါကိုယ်တော်ပြောတဲ့အတိုင်း အလိုက်
သင့်ပဲသွား။ဟိုမှာတွေ့လား! အပြင်မှာနားထောင်နေတဲ့
သူရှိတယ်။"


အရှင်ညွှန်ပြသည့်နေရာအားလှမ်းကြည့်ရာ ပိတ်ထားသောလေသာပေါက်စက္ကူရွက်တံခါးမှတဆင့် လူရိပ်ကိုတွေ့ရ
သဖြင့် ဝမ်ကျယ်ခေါင်းလေး ဆတ်ကာဆတ်ကာညိတ်ပြ
လိုက်သည်။လူကတော့ ဘာမှန်းမသိ အတော်လေးပူအိုက်
လို့နေ၏။






"လာ! လျန်ရွယ်ဝမ် ကိုယ်တော်တို့ မင်္ဂလာသေရည်
သုံးဆောင်ရအောင်။"



"ဟုတ်..ဟုတ်ကဲ့ပါ အရှင်!"



ဝမ်ကျယ်နှင့်ရှောင်းအရှင်သည် မင်္ဂလာသေရည်ဝိုင်းသို့
သွားကာနေရာယူပြီးလျှင် ဝမ်ကျယ်က သေရည်ငှဲ့ပေးရ
သည်။ရှောင်းအရှင်သည် သူငှဲ့ပေးလိုက်သောသေရည်
ခွက်ကို ကိုင်မြှောက်ပြလိုက်သည်။




"ကောင်းပြီ! မင်းကတော့ သုံးခွက်လောက်သောက်
သင့်တယ်နော်! "




ထိုသို့ဆိုကာ ခွက်ချင်းတိုက်လိုက်သော်လည်း တကယ်
တမ်းတွင်မူ သူတို့မသောက်သုံးကြချေ။အရှင်က သူ
လည်း ဟန်သာပြ၍မသောက်သလို၊ဝမ်ကျယ့်အား မသောက်ရန်လည်း ခေါင်းခါပြသဖြင့် နီရဲဥနုနေသော
မျက်နှာလေးတစ်ခုလုံး ဆူပုပ်ထိုင်းမှိုင်းသွားသည်။



Oh..My Dear!Where stories live. Discover now