17

1.4K 237 222
                                    





ရှောင်းအရှင်သည် လူမရှိတော့သည်နှင့် မေ့မျောဖျော့
လျော့နေသူ၏ခန္ဓာကိုယ်လေးကို မ'ပြီး အပေါ်ဝတ်ရုံ
ချွတ်ပေးလိုက်သည်။တစ်လက်စတည်း မိန်းကလေးနှင့်
တူအောင် ထည့်ထားသောပိတ်စအထုံးကို ဖယ်ရှားလိုက်
သောအခါ ဖြူနုချပ်ကပ်နေသည့်ရင်ဘက်အပြင်ပန်းရင့်
ရောင်သန်းနေသောအရာနှစ်ခုကို မြင်လိုက်ရလျှင် အရှင့်
လည်စလုပ်မှာ ရုန်းရင်းဆန်ခတ် လှုပ်ရမ်းသွားရသည်။


"အဟမ်း!"

မည်သူမျှမရှိသော်ငြား မလုံမလဲဖြစ်ကာ အရှက်ပြေ
ချောင်းဟန့်ရင်း မျက်နှာလွှဲဖြစ်သည်။အနှီငတုံးငအ
လေး၏ ယောက်ျားလေးတန်မဲ့ဖြူဥနူးညံ့လွန်းသော
အသားအရည်မှာ သူ့အား အလွန်အမင်း စိတ်အနှောက်
အယှက်ဖြစ်စေ၏။ထိုကြောင့် အကြည့်လွှဲ၍သာ
ဝတ်ရုံလဲပေးခြင်းကိစ္စကို မြန်မြန်ဆန်ဆန်လုပ်ဆောင်
လိုက်ရသည်။

အကြမ်းဖျင်လဲပြုပေးပြီးနောက်  သမားတော်ရောက်ရှိလာ၍ ပိုးထည်ဂွမ်းကပ်ဆောင်ကို ရင်ဘက်ထိ လွှမ်းခြုံ
ပေးလိုက်ကာ စမ်းသပ်ကုသခိုင်းလိုက်သည်။


"အအေးပတ်ပြီး အားနည်းတာနဲ့ ဒဏ်ရာအရှိန်ကြောင့်
ပေါင်းပြီး အခုလို သတိမေ့နေတာပါ အရှင်မင်းမြတ်။ဒီ
မိန်းကလေးသိပ်မကြာခင် ပြန်နိုးလာပါလိမ့်မယ်။မစိုးရိမ်
ရပါဘူး။ အမာရွတ်ပါ မကျန်အောင် ကျွန်တော်မျိုးကုသ
ပေးပါမယ်။စိတ်အေးသက်သာရှိတော်မူပါ အရှင်မင်းမြတ်။"

"ကောင်းပြီ။သမားတော်ကြီး တာဝန်ကျေတယ်။ဒါဆို
သွားလို့ရပြီ။"

"အမိန့်တော်အတိုင်းပါ ။သိပ်မကြာခင် စွပ်ပြုတ်နဲ့ဆေး
ကြိုပြီး လိမ်းဆေးပါ ပို့ဆောင်ပေးလိုက်ပါ့မယ် အရှင်
မင်းမြတ်။ဒါပေမဲ့ အရဲစွန့်ပြီး လျှောက်တင်ပါရစေ။ယခု
လို အအေးဓာတ်ကဲနေတဲ့အချိန် ဝတ်ရုံအစိုမလဲဘဲနေရင် အရှင့်ကျန်းမာရေးအတွက်စိုးရိမ်ရပါတယ်။ အရှင်မင်း
မြတ်ရဲ့အသက်တော်ဟာ တိုင်းပြည်ရဲ့သွေးကြောဖြစ်သလို.."

ရှောင်းအရှင်သည် သူ့အတွက်သူ ဝတ်လဲတော် သုံးရန်
မေ့နေသည်မှာအမှန်ဖြစ်သော်လည်း လူအိုပီပီ ရှည်
ကြောထလွန်းသည့် လျှောက်တင်သံကိုနားမထောင်ချင်။

Oh..My Dear!Where stories live. Discover now