20 [Zawgyi]

72 4 0
                                    



ငြင်းမရသည့်အဖြစ်ကြောင့် ဝမ်ကျယ်ခေါ်လာခဲ့ရပါသော ရှောင်းအရှင်သည် သေရည်ဆိုင်လည်းရွေးသေး၏။မြို့တော်၏ကြီးကျယ်ခမ်းနားဆုံးသော စားသောက်ဆိုင်ကို
ရွေးချယ်ထားသည့်အပြင် ဈေးအကြီးဆုံးအခန်းကိုယူ
ထားပြန်သည်။သီးသန့်ဆန်စွာသေရည်သောက်သုံးခြင်း
သည် အရှင်မင်းမြတ်အနေအထားနှင့် သင့်မြတ်လှသော်
လည်း ဝမ်ကျယ့်အနေဖြင့် အဆင်မချောချေ။

အထူးသဖြင့် လက်ထဲကျန်နေသေးသည့် ရွှေတုံး၊ငွေစ
များအကုန်သုံးလိုက်ရမှာကို နှမျောသည်။ထို့သို့စိတ်ထဲ
ညည်းညူနေတုန်းတွင်ပင် အရှင်မင်းမြတ်သည်အထူး
အမြည်းဟင်းလျာများစွာနှင့် နှစ်ချို့သေရည်အကောင်း
စားများကို ထပ်လောင်းမှာယူလိုက်သည့်အခါ ဝမ်ကျယ်
မျက်ဖြူစိုက်သတိလစ်ချင်သွားရသည်။

အရှင့်ခါးနား အကဲခတ်ကြည့်တော့လည်း ငွေအိတ်လေး
တစ်ခုတောင် ချိတ်ဆွဲထားသည်ကို မတွေ့ရ။သို့သော်
မတတ်နိုင်။အရှင်ပေးသနားထားသည့်ရွှေတုံး၊ငွေစများ
အရှင်ကိုယ်တော်တိုင်သုံးဖြုန်းနေသည့်ကိစ္စ သူဘာများ
အထွန့်တက် ကတ်စီးကုတ်၍ရမည်နည်း။

ထို့ကြောင့် ဝမ်ကျယ်စိတ်ညစ်ညစ်နှင့် သေရည်တဝကြီးအမူးသောက်ပစ်ရန် ကြံရွယ်လိုက်သည်။အတွေးနှင့်အတူ
မျက်စိရှေ့ရှိနန်းတွင်းစားတော်ပွဲသဖွယ် အမှတ်မှားရမည့်
စားပွဲပေါ်မှ သေရည်ခရားလေးအားယူကာ ကောက်မော့
လိုက်လျှင် ဝမ်ကျယ့်နံဘေးရှိ တည်တည်ငြိမ်ငြိမ်ထိုင်နေသော အရှင်မင်းမြတ်ထံမှ အသံထွက်လာသည်။

"ဖြည်းဖြည်းသောက်စမ်း! လူနဲ့သူနဲ့မတူအောင် သောက်လို့ မူးရူးသွားရင် မင်းခန္ဓာကိုယ်ကို လမ်းဘေးပစ်ပြီး ခွေးစာ
ကျွေးထားခဲ့မှာ။"

အားရပါးရသောက်နေသော ဝမ်ကျယ်မှာ တန့်ကနဲ။
သူ့ခဗျာပါးစပ်ထဲရှိသည့်သေရည်များကို မနည်းမြိုချ
လျက် သေရည်ခရားအိုးလေးကို နေရာမှာပြန်ချထား
လိုက်ရသည်။

"ဟဲ ဟဲ! မသောက်ရတာ ကြာလို့ နည်းနည်းလောသွား
တာပါ အရှင်။အေ့!"

မျက်နှာချိုသွေးပြရင်းမှ လေချဉ်တတ်လာလျှင် ဝမ်ကျယ်
သူ့ပါးစပ်သူ လက်ဖြင့်အုပ်လိုက်ရသည်။

Oh..My Dear!Donde viven las historias. Descúbrelo ahora