12

2.1K 300 330
                                    







ရှောင်းအရှင်မင်းမြတ်သည် ဥယျာဉ်တော်လေသာဆောင်
လေးတွင် ဒုတိယမယ်မယ်နှင့် လက်ဖက်ရည်သုံးဆောင်
ရင်း စကားစ,မြည်ပြောနေလေသည်။သူတို့နှင့် မနီးမဝေး
ခပ်လှမ်းလှမ်း၌ ရှောင်းဟူလေးက တစ်ယောက်တည်း
ဆော့ကစားနေလေ၏။


သိပ်မကြာခင် ရှောင်းဟူလေးအနား ဟိုဗရုတ်သုတ်ခလေး
ကို တွေ့လိုက်ရသည်။အနှီဗရုတ်သုတ်ခလေးသည် သစ်
ပင်ကွယ်နေသဖြင့် ရှောင်းအရှင်တို့အား မြင်ဟန်မတူ။ မည်သူနှင့်မှ အတူတူဆော့ကစားခြင်းမရှိသော ရှောင်းဟူလေးကို ထိုဟာလေးမည်သို့မည်ပုံ စည်းရုံးလိုက်မှန်းမသိ။
အဆင်ဆင်ပြေပြေ အပေးအယူမျှနေသည်ကိုတွေ့လိုက်
ရသည်။


သို့သော် ဝတ်ရုံကြီးတ,မမဖြင့် အိန္ဒြေပျက်၊သိက္ခာမဲ့နေ
သည့်အဖြစ်ကိုတော့ အမြင်မတော်။ကြင်ယာတော်လောင်း
လျာတစ်ယောက်အနေနှင့် လုံးဝသင့်လျော်ခြင်းမရှိပေ။

ထို့သ်ို့ အမြင်မတော်မှုအား ဆင်ခြင်စေရန် ရှောင်းအရှင်
သတိသွားပေးဖို့ ပြင်စဉ်တွင်ပင်။အနှီအရှုပ်ထုပ်သည်
ရေကန်ထဲသို့ ဆင်းသွားလေတော့သည်။ထို့နောက် လူက
ယက်ကန်ယက်ကန်နှင့် ပေါ်ကိုမလာတော့ချေ။




"လျန်ရွယ်ဝမ်!!!"



ဒေါသတကြီးအော်ဟစ်လျက် ထိတ်ကနဲ ဖြစ်သွားသည့် စိတ်က မထိန်းလိုက်နိုင်။ လေအလျင်နှင့် ရှောင်းအရှင်
ကိုယ်တော်တိုင် ရေထဲဆင်းသွားသဖြင့် အထိန်းတော်၊
ကိုယ်ရံတော်တို့ပင်လျှင် အလန့်တကြားဖြစ်ကုန်ကြသည်။


အနည်ထိုင်လုဆဲဆဲ ခန္ဓာကိုယ်ကို အလျင်အမြန်ပွေ့ပိုက်
ဆောင်ယူ ကယ်တင်လာချိန်။အနှီဟာလေးမှာ သတိ
လက်လွှတ် မေ့​မျော၍နေလေချေပြီ။



"လျန်ရွယ်ဝမ်!!လျန်ရွယ်ဝမ်!!"


သူနာမည်အော်ခေါ်ရင်း ရင်ဘက်အလည်တည့်တည့်ကို
သုံး၊လေးချက်လောက် အားအနည်းငယ်သုံးပြီး ဖိချ
လိုက်သည်။နေရာရွေ့သွားသော အမို့အမောက်တွေက
ထူးဆန်းနေပေမည့်လောလောဆယ် လူကယ်ဖို့ အရေး
ကြီးနေသည်။

Oh..My Dear!Where stories live. Discover now