5 [Zawgyi]

326 9 0
                                    



ရှောင်းကျန့်စာကြည့်ဆောင်၌ တိုင်းရေးပြည်ရေး ပေ
လွှာချပ်များကိုမဖတ်ရှုအားဘဲ မျက်လွှာချ၍အတွေး
များနေရသည်။

သူရွေးချယ်မည့်မိန်းမပျိုသည် နောက်ခံမျိုးရိုးအရမ်းကြီး၍မဖြစ်။ထိုမှကိစ္စအဝဝကို သူချယ်လှယ်နိုင်ပေမည်။
ထို့အပြင် လူအများက ရှောင်းအရှင် နှစ်သက်စုံမက်သွား
ရလောက်သည်ဟု ထင်ယောင်ထင်မှားဖြစ်နိုင်လောက်မည့် ရုပ်ရည်ရူပကာအဆင်းအချင်းလည်းရှိရပေဦးမည်။အရေးအကြီးဆုံးအချက်မှာ အာဏာရာထူးကိုမမက်မောဘဲ မိမိအား ချစ်ကျွမ်းဝင်မည့်သူ လုံးဝမဟုတ်ရန်လိုပေသည်။

"ကြင်ယာတော်ရွေးပွဲလာပြိုင်တဲ့အထဲမှာ အဲ့လိုမိန်းကလေးမျိုး ရှိနိုင်လောက်ပါ့မလား။"

တစ်ယောက်တည်း ရေရွတ်စိတ်ပျက်နေစဉ် မယ်တော်
ကြီးအဆောင်မှ ကုန်းကုန်းက တွေ့ဆုံခွင့်ပြုရန် အစီရင်
ခံလာလေသည်။

"ဝင်လာခဲ့!"

"အရှင်မင်းမြတ် ကို ဦးထိပ်ပန်လျှောက်ထားပါတယ်။ မယ်တော်ကြီးက အမှာစကားပါးလိုက်လို့ပါ အရှင်။
မနက်က ကြင်ယာတော်ရွေးပွဲဝင်ပြိုင်တဲ့ မိန်းကလေး
ကို အရှင်အကျဉ်းထောင်ပို့လိုက်တဲ့ကိစ္စ နန်းတော်ထဲမှာ
ပျံ့နှံ့နေကြောင်းပါ။မယ်တော်ကြီးက အနောက်နန်း
ဆောင်ကိုယာယီချုပ်ကိုင်ထားသူအနေနဲ့ ဖြစ်စဉ်ကို
ဂဃနဏ သိလိုတာမို့ အရှင်အားလပ်ချိန်လေးများရရင် ဥယျာဉ်တော်မှာ မက်မွန်ပန်းပွင့်ကိုနှင်းရည်နဲ့နှပ်ထားတဲ့
အဖန်ရည် သောက်သုံးရင်း စကားစမြည်ပြောလိုကြောင်း အမှာစကားဆိုလိုက်ပါတယ်။ "

ကုန်းကုန်းစကားကြောင့် ရှောင်းကျန့်အတွေးထဲဝင်ရောက်
လာသူ တစ်ဦးရှိသည်။သေချာပေါက် ထိုမိန်းကလေးသည် နန်းတော်ထဲမှ သူ့အားနှင်ထုတ်စေဖို့ တောင်းဆိုခဲ့သည်။သည်အရှင်ကို သဘောကျဖို့ နေနေသာသာ ရှက်ရိပ်ရှက်
စိတ်တောင် တစ်စိုးတစ်စိမပြ။ရုပ်ရည်အဆင်း အချင်း
လည်းပြည်စုံလွန်းသည့်အပြင် နောက်ခံမျိုးရိုးကလည်း
သာမာန်ပင်။

ဖြစ်နိုင်သူတစ်ဦးအား ရှာကြံတွေးမိသွားသောအခါ
သူ့၏သေသပ်ပါးလှပ်သောနှုတ်ခမ်းအစုံသည် မသိ
မသာ ပင့်တတ်သွားခဲ့သည်။

Oh..My Dear!Where stories live. Discover now