7 [zawgyi]

256 12 0
                                    



အချိန်တစ်ခုကြာပြီးနောက် သတ်မှတ်ထားသည့်ဟင်းပွဲ
အချို့နှင့် ဟင်းချိုရည်၊အချိုပွဲ အစုံအလင်ပြီးစီးသွား
သည်။ရှောင်းအရှင်က အချက်အပြုတ်တွင်လည်း ပါရမီ
ထူးပုံပင်။ဟင်းလျာများက မွှေးပျံ့ကြိုင်လှိုင်သောအနံ့
ရှိပြီး ကြည့်လိုက်ရုံနှင့်ပင် အရသာရှိကြောင်း ခန့်မှန်းနိုင်
ပေသည်။

"ဝါး မွှေးနေတာပဲ။ "

အားရပါးရရေရွတ်ပြီး ဝမ်ကျယ်၏ခေါင်းလုံးလုံးလေးက
ဟင်းပွဲများ အနားရောက်သွားသည်။ထို့အတူ ဟင်းလျာ
များ၏အရှေ့တွင် ရှောင်းအရှင်မတ်တပ်ရပ်နေသဖြင့်
ရင်ခွင်နား အတင်းတိုးကပ်လိုက်သလိုဖြစ်သွား၏။

"ဖယ်!ငါကိုယ်တော် အနားမကပ်နဲ့။ မိန်းကလေးဖြစ်ပြီး
အနေအထိုင်ကိုမတတ်ဘူး။ "

ပါးစပ်ကပြောလျက် လက်ကလည်းလူကိုတွန်းလွှတ်
သဖြင့် ဝမ်ကျယ့်မျက်နှာမှာ စူပုတ်သွားရသည်။

မိန်းကလေးမှမဟုတ်တာ။ဒီက ယောက်ျားကြီးပါလို့!

"အရှင်မင်းမြတ်နား ကပ်တာမဟုတ်ပါဘူး။ ဟင်းလျာ
တွေကို မြည်းကြည့်ချင် အယ့် သေချာကြည့်ချင်လို့လေ။ "

"ကြည့်ချင်လည်း ဝေးဝေးကကြည့်။ နေပါအုံး!
မင်းအခု ငါကိုယ်တော်ကိုပြန်ပြောလိုက်တာလား။ "

"မဟုတ် မဟုတ်ပါဘူး။ "

ထိုတော့မှ လက်တစ်ခါခါဖြင့် ငြင်းလေသည်။ခုန နှုတ်
လန်ပြန်ထိုးလိုက်သည့်စကားကို မပြောခဲ့သည့်အတိုင်း။

"ထားတော့!ငါကိုယ်တော်ကို ဝတ်ရုံတော်
ပြန်ဆင်မြန်းပေး။ "

ရှောင်းကျန့် အနီးရှိ ရေဇလုံတွင် လက်ဆေးကြောသန့်
စင်ပြီးနောက် ခန္ဓာကိုယ်ကိုဝတ်ရုံတော်ဆင်မြန်း၍လွယ်
အောင် အသင့်အနေအထား ပြင်လိုက်သည်။သို့သော်
မျက်စိရှေ့ကဟာလေးမှာ နဂါးဝတ်ရုံတော်ကိုပိုက်လျက်
မိမိအားယောင်နန ကြောင်ကြည့်နေဆဲ။

"ကျစ်! ဘာလုပ်နေတာလဲ။ အချိန်စေ့တော့မယ်။ "

"ဟို အရှင်ပဲ အနားမကပ်နဲ့ဆိုလို့။ ဒီကနေ ဘယ်လို
ဆင်မြန်းပေးရမလဲ စဉ်းစားနေတာ။ "

Oh..My Dear!Where stories live. Discover now