19 [Zawgyi]

104 6 0
                                    



လမ်းတစ်လျှောက် ဝတ်ရုံထုတ်များဆွဲလာသည့် ဝမ်ကျယ်
မှာ ငြိမ်ငြိမ်ကုတ်ကုတ်နှင့်။လက်နှစ်ဖက်နောက်ပစ်ကာ အိနြေ္ဒရရလျှောက်နေသော ရှောင်းအရှင်သည်လည်း
တိတ်တိတ်ဆိတ်ဆိတ်ပင်။အအေးဓာတ်ကဲနေသော်လည်း
အသူရာနေမင်းကမူ ပွင့်လန်းနေ၏။သို့သော် ရောင်ဝါ
အရမ်းမလင်းသကဲ့သို့ အပူချိန်သည်လည်းအရမ်းမပြင်း။
ထို့ကြောင့် နှစ်ဦးသားမပင်မပန်းဖြင့် လန်ဘိုးဘိုး၏အိမ်
သို့ရောက်ရှိလာခဲ့ကြသည်။

"ဝမ် ဝမ်ကျယ် မလား! အိုက်ရိုး.. နောက်ဆုံးတော့
ပြန်လာရပြီပေါ့!ဒီအဘိုးကြီး ဘယ်လောက်တောင်
စိတ်ပူလွန်းလို့ မျှော်နေရသလဲ။ဘာများဖြစ်နေပြီလဲလို့!"

တံစက်မြိတ်အောက် လှဲကျင်းနေသည့် အဘိုးအိုသည်
ဝမ်ကျယ်အား တွေ့သည်နှင့်ပြေးထွက်ကာ ပွေ့ဖက်လာ
သည်။သားမွေးထားသော မိခင်ကြီးကဲ့သို့ စိုးရိမ်နေပုံ
ထောက်လျှင် အနှီအဘိုးအိုသည် လန်ဘိုးဘိုး ဖြစ်ပေ
လိမ့်မည်။အရပ်ပုပုနှင့် မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးအ
ပြင် တစ်ခေါင်းလုံးကဇရာကြောင့် ဖြူစွတ်နေဟန်ရကာ
အသားအရည်မှာ နီစပ်စပ်ရှိသည်။ဝမ်ကျယ်နှင့်တူသည့်
နေရာ တစ်နေရာမှရှာမတွေ့။သွေးသားရင်းချာမှဟုတ်ပါ
လေစဟု ရှောင်းအရှင်ကောက်ချက်ချမိသည်။

"ဘာမှမဖြစ်ပါဘူး ဘိုးဘိုးရဲ့။ တစ်မိုးအောက် တစ်
ယောက် ဝမ်ကျယ်ပဲဟာ။ဟီး! "

"ဟုတ်ပါပြီ လူရှုပ်ကလေးရယ် ။နန်းတော်ထဲမှာ နေတာ
ကြာလို့လားမသိဘူး အသားတွေဖြူဥလာလိုက်တာ။
ဒီဘိုးဘိုးက မြေးမလေးနဲ့တောင် မှားချင်နေပြီ။"

"ဘိုးဘိုး!"

လန်ဘိုးဘိုး၏ နောက်ပြောင်မှုကို ဝမ်ကျယ်က ဆူပုတ်
ပုတ်နှင့်ရှုတည်တည်ကြည့်ပြီး တုံ့ပြန်သည်။ထိုသို့ ပြော
သည်ကို ဝမ်ကျယ်မကြိုက်မှန်းသိရက်နှင့် လန်ဘိုးဘိုး
က စ'နောက်လွန်းသည်။ရှောင်းအရှင်ကတော့ ဝမ်ကျယ်
၏ထိုဂျစ်တစ်တစ်အမူအယာကို မမြင်ဖူးသဖြင့် ခတ္တမျှ
ငေးကြည့်နေမိသည်။

"ဒီလို ဝတ်စားထားလို့ လူမှားချင်တာကို ပြောတာပါကွဲ့။ဪ!ဒါနဲ့ ဒီလူငယ်က။ "

Oh..My Dear!Where stories live. Discover now