18

1.8K 264 136
                                    





ခန်းဆောင်ထဲဝင်ရောက်လာသော ရှောင်းအရှင်သည်
ကုတင်ပေါ်၌နီးနီးကပ်ကပ်ရှိနေသည့် သူတို့နှစ်ယောက်
ကို သုန်သုန်မှူန်မှုန်လှမ်းကြည့်လာသည်။ထိုသည်ကိုမြင်
လျှင် ရှောင်လုံက ခြေမကိုင်မိ၊လက်မကိုင်မိဖြစ်ကာ
ဝမ်ကျယ့်အနားမှခွါလျက် ချက်ချင်းမတ်တပ်ထရပ်သည်။

"အ အရှင်မင်းမြတ်ကို အရိုအသေပေးပါတယ်။
အာ !မေ့နေတာ ရှောင်လုံမှာ အဖေခိုင်းထားတဲ့ကိစ္စ
တစ်ခုရှိသေးတယ်။အဲ့ဒါ သွားလုပ်ရမှာပဲ။ခုမှသတိ
ရတယ် ကျဲကျယ်ရယ်။ သွားပြီနော်။အရှင်မင်းမြတ်
လည်း ကျွန်တော်မျိုးမကို ခွင့်ပြုပါဦး။"

ရှောင်လုံ၏ထွက်သွားမှုအလျင်နှုန်းမှာ လျှပ်တစ်ပြက်
ဆန်လှ၏။ဝမ်ကျယ်သည် သူ့အားထိုးထွင်းမတတ်စိုက်
ကြည့်လျက် အနားလျှောက်လာသော ရှောင်းအရှင်
ကြောင့် အနည်းငယ်တုန်လှုပ်နေမိသည်။


"မင်းအဆင်ပြေရဲ့လား လာကြည့်တာ။ ကြည့်ရတာ
တော့ အဆင်ပြေနေပုံပါပဲ။ "


ရှောင်းအရှင်က ခနဲ့စကားကို အေးစက်စက်ပြောပြီး
ဝမ်ကျယ့်အနား ခန္ဓာကိုယ်ကိုင်းလာလျှင် အနည်းငယ်
နောက်သို့ တွန့်ဆုတ်မိသွားသည်။ရှောင်းအရှင်၏
မျက်ခုံးအစုံမှာ အလိုအလျောက်တွန့်ချိုးသွား၏။


"မင်းဖျားတာ သုံးရက်လောက်ဖြစ်သွားတယ်ဆို
မှန်းစမ်း။ ငါကိုယ်တော် ကြည့်ရအောင်။"


တဖန်ရှောင်းအရှင်၏လက်သည် ဝမ်ကျယ့်နဖူးပေါ်သို့
ကျရောက်လုနီးနီးတွင် ဝမ်ကျယ်က ရုတ်ချည်းမတ်တပ်
ထရပ်ကာ ရှောင်တိမ်းလိုက်လေပြန်သည်။


"ဟိုလေ အရှင်!ကျွန်တော်မျိုး နေကောင်းသွားပါပြီ။
ဒဏ်ရာတွေလည်း အကုန်သက်သာသွားပါပြီ။ ဘာမှ
မဖြစ်တော့ပါဘူး။ "

ခေါင်းညွှတ်ခါးကိုင်းလျက် တုန်တုန်လှုပ်လှုပ် အရိုအသေပေးလာသည့်အမူအယာမှာ တစ်ခုခုတော့ တစ်ခုခုပင်။
ထို့ကြောင့် ပို၍သေချာအောင် ရှောင်းအရှင် မတ်တပ်ထ
ရပ်လိုက်လျှင် အနှီအမှိုက်လိုဟာလေးက ခပ်ယို့ယို့နောက်
ဆုတ်သွား၏။


Oh..My Dear!Where stories live. Discover now