3

1.8K 226 73
                                    








ဥယျာဉ်တော်အတွင်း တိတ်ဆိတ်နေ၏။ရှောင်းအရှင်
မင်းမြတ်သည် ရေကန်အလယ်ရှိနားနေဆောင်တွင်
တည်ကြည်ငြိမ်သက်စွာ ငါးစာကျွေးနေသည်။အမှုထမ်း
အခြွေအရံများအား  ခပ်ဝေးဝေးခစားနေစေသောကြောင့် သူ၏ဘေးတွင် စစ်သေနာပတိချုပ် ဟုန်ရိသာ ရှိနေသည်။



"စုံစမ်းခိုင်းထားတာ ဘယ်လိုလဲ ဟုန်ရိ။ "

"သေချာပေါက် မယ်တော်ကြီး ပယောဂတော့
မကင်းနိုင်ပါဘူး အရှင်။ဒါပေမဲ့ သက်သေတွေမရှိဘူး။ "



ရှောင်းကျန့်ခေါင်းကို ခပ်လေးလေးခါရင်း သက်ပြင်း
အသာချမိသည်။လွန်ခဲ့သော ခြောက်နှစ်လောက်က
ကိစ္စအား တိတ်တဆိတ်ပြန်လိုက်စုံစမ်းနေခဲ့သည်မှာ
နှစ်ချီကြာနေပြီ။




"ခြောက်နှစ် ရှိပြီ ဟုန်ရိ။ဒါပေမဲ့ အဖြစ်အပျက်အားလုံးက
မနေ့တစ်နေ့ကအတိုင်းပဲ။"




နာကျင်သံစွက်နေသော နှုတ်ထွက်စကားသည်
အနည်းငယ်မျှတိုးလျနေသည်။



ရှောင်းအရှင်သည် ချစ်ရသူ၏လုပ်ရပ်အပေါ် အချစ်
မေတ္တာပျက်သုန်းကာမုန်းတီးနေမည်လော သို့တည်း
မဟုတ် ယနေ့တိုင်မေတ္တာမပျက်ယွင်းဘဲ တမ်းတနေ
မည်လော မည်သူမျှသေချာမသိနိုင်ကြပေ။သို့သော်
ဟုန်ရိ သိသည်။

သိသော်လည်း နှုတ်ဆိတ်နားထောင်ရုံအပြင်မတတ်နိုင်ခဲ့။
ဟုန်ရိနှင့်ရှောင်းအရှင်သည် ဝမ်းကွဲညီအစ်ကိုတော်စပ်
သည့်အလျောက် ငယ်စဉ်တည်းက သွားအတူ၊စားအတူ
ဖြစ်ခဲ့လေရာ အရင်းနှီးဆုံးညီနောင်အဖြစ် နာကျင်မှုကို
မျှဝေခံစားပေးရုံသာ။သေဆုံးသွားသည့်ပမာ နှလုံးသား
ကို အသစ်ပြန်လန်းဆန်းစေချင်လွန်းလှသော်လည်း ထို
အရာမှာကား ဖြစ်နိုင်ခြေရှိဟန်မတူ။


စိတ်မွှာကွဲအက်နေသော စိတ်ဝိဉာဉ်ကို မနည်းတည်
ဆောက်ထားပုံရသည့် အေးတိအေးစက်အမူအကျင့်
တို့က ရှောင်းအရှင်ထံတွင် ခြောက်နှစ်တိုင်တိုင်အရိုး
စွဲနေခဲ့လေပြီ။



Oh..My Dear!Unde poveștirile trăiesc. Descoperă acum