24 [Zawgyi]

123 6 0
                                    



"အဟမ်း!"

ရှောင်းအရှင်ထံမှထွက်ပေါ်လာသော တမင်လုပ်ချောင်း
ဟန့်သံမှာ ခန်းမတစ်ခုလုံးကြီးစိုးသွားသည်။ဝမ်ကျယ်
အူတူတူဖြင့် အကြည့်ချင်းစုံမိလျှင် အရှင်က သူ့မယ်တော်
ရှိရာဘက်ခြမ်းသို့ မျက်စ၊မျက်နပစ်ပြသည်။ဟုတ်၏။
ထိုတော့မှ ဝမ်ကျယ်သဘောပေါက်တော့သည်။ဝမ်ကျယ်
သူ့ပြဿနာနှင့်သူရင်တုန်ပမ်းတုန်ဖြစ်နေ၍ မယ်တော်ကြီးအား အရိုအသေပေးဖို့မေ့နေခဲ့သည်ပင်။

"မယ်..မယ်တော်ကြီးကို ဂါရဝပြုပါတယ်။"

ဝမ်ကျယ် ရိုသေကျိုးနွံစွာအရိုအသေပေးအပြီးတွင် ရှောင်းအရှင်သည် အချိန်ဆွဲမနေတော့ဘဲ မေးခွန်းများကိုအစချီ
လျက် မူအတိုင်းဖြေဆိုခိုင်းတော့သည်။ပေးထားသော
အဖြေလွှာကို သေချာကျက်မှတ်ထားပုံရကာ စစ်စစ်ပေါက်
ပေါက်မေးခွန်းများကိုမှန်မှန်ကန်ကန်ဖြေနိုင်၍ သည်တစ်ခါတော့မလွဲနိုင်တော့ဟု စိတ်ထဲမှချီးကျူး၍မဆုံးသေး။
မေးခွန်းဆယ့်တစ်ခုအနက် ကိုးခုမြောက်သောမေးခွန်း၌
ဝမ်ကျယ့်ထံမှ အသံလုံးဝထွက်မလာတော့ချေ။

"လျန်ရွယ်ဝမ်!!"

"အ အရှင် !အမ်း...အဲ့ ဒါ..ဟို "

တအိအိ၊တအဲအဲနှင့် အခြေအနေမဟန်သော အမှိုက်လို
ဟာလေးကြောင့် ရှောင်းအရှင်မျက်နှာသည် ကွက်ကနဲ
ပျက်၏။ မဖြစ်ချေတော့။သုံးခုသာ ကျန်သည့်နောက်
ကြိုတင်စီစဉ်ထားသည့်မေးခွန်းများကိုလျစ်လျူရှုကာ အလွယ်ကူဆုံးမေးခွန်းအချို့ကို မျက်နှာသာပေးမေးရန်
အခွင့်သာတော့သည်။

"ကျစ်!ဒီမေးခွန်းကို ထားလိုက်တော့မယ်။ ငါကိုယ်တော်
နောက်တစ်ခုမေးမယ်။ ဆောင်းရာသီမှာ နေရာပြောင်း
ခိုလှုံတဲ့ငှက်က ဘာငှက်လဲ!"

"ဆောင်းရာသီမှာ နေရာပြောင်း ..."

"ငါကိုယ်တော် ရွတ်တိုင်းလိုက်မရွတ်နဲ့ !သေချာဖြေ..
ဆောင်း.....ရာသီမှာ နေရာပြောင်း ခို.......လှုံတဲ့ ငှက်!"

ရှောင်းအရှင်သည် ဝမ်ကျယ့်မျက်နှာအား စေ့စေ့ကြည့်
လျက် ဆောင်းနှင့်ခို နေရာအား ဖိလျက်အသံရှည်စွဲကာ
သေချာအဖြေထည့်ပေး၍ မေးနေလေသည်။ထိုသည်
တောင် ဝမ်ကျယ်က အချိန်အတော်အတန်မျှယူကာ
စဉ်းစားနေသေး၍ ခန်းမဆောင်ထဲရှိ အမတ်မင်း၊အရာ
ခံအမှုထမ်းအချို့မှာ ပြုံးတုံ့တုံ့ဖြစ်ကုန်ကြ၏။

Oh..My Dear!Where stories live. Discover now