6

1.9K 293 150
                                    





ကြင်ယာတော်ရွေးပွဲဒုတိယရက် စစ်ဆေးပွဲကား ရှောင်း
အရှင်၏ကျေးဇူးတော်ကြောင့် အောင်မြင်ခဲ့သည့်ပုံပင်။
ညနေပိုင်းကြေညာစာထုတ်ပြန်မှုတွင် ဝမ်ကျယ်သည် တတိယနေ့အတွက် ဆက်လက်ယှဉ်ပြိုင်ရန် စာရင်းထဲ ထိပ်ဆုံးက နာမည်ပါလာခဲ့သည်။


"ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ပြီးပြီ။ ကျဲကျယ်ရော ရှောင်လုံ
ရော နောက်တစ်ဆင့်တတ်တာပဲ။ မနက်ဖြန် အချက်
အပြုတ်အတွက် ကြိုးစားထား! "


သူ့ဘေးမှ ရှောင်လုံက ဝမ်းသာအားရနှင့်လက်သီးဆုပ်
လေးထောင်ပြကာ အားပေးနေသည်။ဘာတွေဆက်ဖြစ်
လာမှာမှန်း မခန့်မှန်းနိုင်တော့၍စိတ်ညစ်နေရသည့်အထဲ
အနှီမိန်းကလေးကတစ်မျိုးနှင့်။


"ဟင်! စွန်လေးပါလား ကျဲကျယ်။ "


သူတို့နှစ်ဦးလျှောက်လာနေသော နန်းတွင်းစင်္ကြန်တွင်
ရုတ်တရက် ရောင်စုံစက္ကူစွန်လေးတစ်ခုပျက်ကျလာ
သည်။ခြေထောက်နားကျလာတာကြောင့် ဝမ်ကျယ်
ကောက်ယူကြည့်လိုက်သည်။အနည်းငယ်ယိုင်ထွက်နေ
သော ဝါးရိုးကြောင့် စွန်ကကောင်းကောင်းမပျံနိုင်ခြင်းပေ။


"ကျဲကျယ် ပြင်တတ်လို့လား။ "


"အင်း ဒီဝါးရိုးလေးကိုနည်းနည်းနေရာပြန်ချလိုက်ရင်
အဆင်ပြေသွားပြီ။"

"ပြန်ပေး။"

စွန်ကိုပြင်ပေးရန်လုပ်နေသော ဝမ်ကျယ့်လက်များပင်
တွန့်သွားသည်။မျက်စိရှေ့ရောက်လာသော အသက်
ကိုးနှစ်၊ဆယ်နှစ်လောက်ရှိမည့် ကလေးငယ်သည်
ရှောင်းအရှင်နှင့်ရုပ်ချင်းသာမတူပေမည့် အေးတိ
အေးစက် ဟန်ပန်အမူအရာ၊အာဏာလေသံတို့ကား
နည်းနည်းမှမလွဲ။တစ်ထပ်တည်းဆိုသည်ထက်ပင် ပိုသေး၏။

"အာ မင်းသားလေးပါလား။ အထိန်းတော်တွေလည်း
မပါဘူးလား။ "

"စကားများလိုက်တာ။ စွန်သာပြန်ပေး။"



အနှီကလေးငယ်၏စကားကြောင့် ရှောင်လုံ ပါးစပ်ပိတ်
သွားသည်။ပါးဖောင်းဖောင်းနှင့် လူကြီးပုံစံရုပ်တည်ထား
သော်လည်း အနှီကလေးငယ်မှာ လွန်စွာချစ်စရာကောင်း
နေသည်။ဝမ်ကျယ်ပြုံးပြလိုက်လျှင် မျက်လုံးလေးတွေ
ဝိုင်းနေအောင် လှမ်းကြည့်လာသည်။


Oh..My Dear!Where stories live. Discover now