2 [zawgyi]

385 9 0
                                    



"ကိစ္စမရှိတော့ဘူးဆိုရင် ဆေးစပ်ပေးလို့ရပြီလား
အဘိုး။ "

"ရတာပေါ့ သူရဲကောင်းမိန်းကလေးရယ်။အဘိုးက
ဖြင့် ကျေးဇူးဘယ်လိုတင်ရမှန်းတောင် မသိပါဘူး။
ထိုင်...အဘိုးစမ်းသပ်ပေးမယ်။ "

အဘိုးက ထိုမိန်းကလေးအား ထိုင်ခုံညွှန်ပြရင်း ဝမ်ကျယ်
ကိုလည်း လှမ်းခိုင်းသည်။

"လူရှုပ်လေး သွား။ အဘိုးဆေးအိတ်ယူလာခဲ့ "

"ဟုတ်ကဲ့ ဘိုးဘိုး။ "

ဝမ်ကျယ် သွားယူရန်ပြင်လိုက်စဉ် သူရဲကောင်းမိန်းက
လေးမှ လှမ်းတားလာသည်။

"မဟုတ်ဘူး။ ဆေးပဲစပ်ပေးဖို့ပါ။ နေမကောင်းတာက
ကျွန်မ မဟုတ်ပါဘူး။ "

"ဪ !ဒါဆို ဘယ်လိုနေမကောင်းဖြစ်တာများလဲ။
အဘိုးကို သေသေချာချာလေးပြောပြပေး။ "

"ဟို ဟိုလနုတဲ့ကိုယ်ဝန်ဆောင်သည်မှာ ဖြစ်တတ်တဲ့
ပန်းသွေးနီနီဖြစ်စဉ် "(ကိုယ်ဝန်ဆောင်စဉ်သွေးဆင်းခြင်း)

သူရဲကောင်းမိန်းကလေးက ဝမ်ကျယ်ဘေးတွင်ရပ်နေ
သေး၍ထင် အထစ်ထစ်အငေါ့ငေါ့နှင့်မရဲတရဲ ပြော
လာသည်။

"ဟမ် ဒါဆို အရေးကြီးတာပဲ။သည်ကိစ္စမျိုးက သည်တိုင်း
ဆေးစပ်ပေးလိုက်လို့ ဘယ်ဖြစ်မလဲ။ အခန့်မသင့်ရင်
အသက်ပါ စိုးရိမ်ရတယ်ကွဲ့။ အဘိုးလိုက်ကုပေးမှဖြစ်
မှာပေါ့။ "

အဘိုး၏စကား​ကြားမှ သူရဲကောင်းမိန်းကလေးက
ထိတ်လန့်ရကောင်းမှန်း သိသွားပုံပင်။

"ဒါဆို ကျွန်မရဲ့သခင်မလေး !မဖြစ်ဘူး အဘိုး။ အခု
မြန်မြန်လေး သွားရအောင်။သခင်မလေးက မြို့ထဲက
တည်းခိုဆောင်မှာပါ "

လန်ဘိုးဘိုးတို့အိမ်လေးနှင့်မြို့ထဲသည် အတော်အတန်
မျှ ကွာဝေးသည်။လရောင်ပြပြသာရှိသော မှောင်ရိပ်
အပြင် လမ်းကြိုလမ်းကြားလေးတွေထဲဖြတ်သန်းလာရသောကြောင့် အနည်းငယ်ကြန့်ကြာပေသည်။

ဝမ်ကျယ်က ဆေးသေတ္တာလေးကိုလွယ်ပြီးသစ်သားမီး
ပုံးလေးကိုင်ထားကာ ရှေ့မှဦးဆောင်သည်။လန်ဘိုးဘိုး
နှင့်သူရဲကောင်းမိန်းကလေးတို့ကသူ့နောက်တွင်လိုက်ပါ
လာကြသည်။

Oh..My Dear!Where stories live. Discover now