10 [zawgyi]

278 11 0
                                    



ဝမ်ကျယ့်ကို ကူညီပေးလိုက်သော အနောက်မှသူသည်
မည်သူမည်ဝါမှန်းမသိ။နှောက်ယှက်သည့်လူအား လက်
လိမ်ချိုးရုံနှင့် မကျေနပ်သေး။ရင်ဝကိုပါ ခြေထောက်ဖြင့်
ဆောင့်ကန်ပြီး အဝေးလွင့်ထွက်စေသည်။ထို့နောက်
ဝမ်ကျယ်ကြောင်အ,နေခိုက် လက်ကိုဆွဲကာ ထိုသူ၏
အနောက်သို့ ဆွဲပို့ခံလိုက်ရသည်။ထိုတော့မှ ဝမ်ကျယ်
မှတ်မိသည်။ထိုသူကား ပုဝါခမောက်ဆောင်းထားသည့် ဆောင်ကြာမြိုင်တုန်းက လူပင်။

"အာ့!မင်း မင်းဘယ်ကကောင်လဲ။ ငါ့နေရာလာပြီး
စကားကြီးစကားကျယ်တွေပြောပြီး လူပါးဝရဲတာ။
ညီနောင်တို့ !ဆုံးမကြစမ်း!! "

အထိနာသွားသည့်လူက အော်ဟစ်လောဆော်လာသော
ကြောင့် လောင်းကစားရုံအတွင်း ရုတ်ရုတ်သဲသဲဖြစ်ကုန်
ကြသည်။အုံလိုက်ကြီးဝိုင်းလာကြသော လူအုပ်ကိုမြင်
လျှင် ဝမ်ကျယ်ကအခြေအနေမဟန်မှန်းရိပ်မိလိုက်၏။

"မရဘူး ညီနောင်!လူအုပ်တောင့်တယ်။လောလော
ဆယ်ပြေးတာ အကောင်းဆုံးပဲ။ကိုယ်ဖော့တတ်လား။"

အနားကပ်ကာ အသိပေးလိုက်လျှင် ထိုသူကဝမ်ကျယ့်
ခါးကို ခပ်ကျစ်ကျစ်ဆုပ်ကိုင်လာသည်။

"မင်းသာ ငါကိုယ်တော်ကို သေချာဖက်ထား။ ပြုတ်ကျ
ကျန်ခဲ့ရင် ခေါင်းနဲ့ကိုယ် အိုးစားကွဲတာထက်ဆိုးသွားမယ်။"

ထွက်ပေါ်လာသောအသံကြောင့် ဝမ်ကျယ် မျက်လုံး
လေးပြူးပြီး အံဩ၍မှမဆုံးသေး။လူက ရုတ်ချည်း
ပွေ့မ,ခံလိုက်ရသောကြောင့် ကြောက်လန့်တကြားဖြင့်
လည်ပင်းကိုပြန်သိုင်းဖက်လိုက်ရသည်။ထို့နောက် လေ
အလျင်နှင့် လေသာပေါက်ကိုဖြတ်ကျော်လျက် လောင်း
ကစားရုံအပြင်သို့ ရောက်ရှိလာခဲ့လေသည်။

"ပြေးပြီ။ လိုက်ကြ !မလွတ်စေနဲ့!"

အမြန်နှုန်းမှာ အလွန်ဖျတ်လတ်လှသော်လည်း လိုက်
လာသော ထိုလူအုပ်ကို မျက်ခြေဖြတ်၍မလွယ်။ထို့
ကြောင့် မှောင်ရိပ်ကျနေသော လမ်းကြားတစ်နေရာ
အရောက် ခတ္တပုန်းအောင်းရန် ဆုံးဖြတ်လိုက်သည်။

ရှောင်းအရှင်သည် နံရံထောင့်ကြား ခန္ဓာကိုယ်ကိုလျှို
ဝင်လိုက်ပြီးလျှင် ဝမ်ကျယ့်အား သူ့ရင်အုပ်ထဲထည့်
ဖက်ထားကာ ကောက်ရိုးစည်းတွေကို ဆွဲကာလိုက်သည်။

Oh..My Dear!Where stories live. Discover now