အပိုင်း ( ၁၃ )

4.3K 130 3
                                    

မြေပြန့်သူလေး
-------------------
Part - 13
-------------
" ဟဲ့ သူကအသားကိုဖြူဖွေးနေတာပဲ နင်နဲ့ခြားနားလိုက်တာ "

" ဒါတော့ ငါလည်းထောက်ခံတယ် "

အာကာဇော်ကပြောလိုက်တော့ ကျန်တဲ့ ၂ယောက်ကပါ ထောက်ခံကြသည်

" ဟင်း....ဒါဆို ဘယ်လိုလုပ်ရမှာလဲ
Lotion ကရောဘာသုံးရင်ကောင်းမလဲ "

" နနွင်းလိမ်းပါလား အဲ့ဒါက အသားဖြူမြန်တယ်ပြောကြတာပဲ "

" ဟုတ်လို့လားဟ "

" ရှေးလူကြီးတွေကတော့ပြောကြတာပဲ "

" လုပ်လိုက်မျက်ဝန်း
စုစု မီးဖိုခန်းထဲမှာ နနွင်းမှုန့်နဲ့ ရေနဲ့ယူခဲ့လိုက် "

" ဟ တကယ်ကြီးလုပ်မို့လား "

" နင်အသားမဖြူချင်ဘူးလား "

" ဖြူတာတော့ ဖြူချင်တယ်လေ "

" ဒါဆို လုပ်လိုက်တော့ "

" ဒါဆို ငါသွားယူပြီနော် "

" သွားသွား "

ကောင်းမြတ်သူနဲ့ ဝလ္လာကတော့ ကောင်းသည်လည်းမပြော ဆိုးသည်လည်းမပြောဘဲ သူတို့ ၃ယောက်ကိုပဲ ကြည့်နေလိုက်သည်

အာကာဇော်က management လုပ်ပေးနေတာ မသိရင်သူကပဲ ကျွမ်းကျင်တဲ့ပုံစံလိုလို ဘာလိုလိုနဲ့

" ရပြီ ငါရေနဲ့ရောလိုက်မယ်နော် "

" ပျစ်ပျစ်လေးလုပ်ရမယ်ထင်တာပဲ "

" အေး ငါလည်းကြားဖူးသလိုလိုပဲ "

" မသိဘူးဟေ့ လုပ်တာတော့လုပ်လိုက်ပြီ "

" ကဲ မျက်ဝန်း စလုပ်ပြီနော်
ကောင်းမြတ်နဲ့ ဝလ္လာ အကျီလက် လာကိုင်ပေးဦး"

သူတို့ ၂ယောက်ကိုလည်း ခေါ်ခိုင်းနေတဲ့စုစုကြောင့် သွားလိုက်ရသည်

ပြီးတာနဲ့ စုစုနဲ့အာကာက တစ်ယောက်တစ်ဖက်စီလက်ကို နနွင်းတွေလိမ်းပေးလိုက်သည် လည်ပင်းတစ်ဝိုက်ကိုရောပဲ

" ခြောက်အောင်ထိနေရမှာနော် မျက်ဝန်း "

" အေးအေး စုစု
ဗိုက်ဆာပြီဟ ဝလ္လာ နင့်အိမ်မှာဘာရှိလဲ "

" ဘာမှမရှိဘူး ငတ်ကြီးကျမယ်မကြံနဲ့ "

" ယုံစရာလား မျက်ဝန်းထ သွားရှာကြမယ် "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now