အပိုင်း ( ၂၁ )

3.2K 90 4
                                    

မြေပြန့်သူလေး
--------------------
Part - 21
-------------
" မျက်ပြူးမ နင့်ကိုကိုနဲ့ ဒီနေ့တွေ့မှာလား "

" ဟင့်အင်း သူကသွားစရာရှိလို့တဲ့ "

" ဒါဆို ငါတို့ ၅ယောက် night out ထွက်ကြမလား "

" လူကြီးတွေဆူဦးမယ် "

" မဆူပါဘူးဟ ၈နာရီအရောက်ပြန်ခဲ့မယ်လို့ပြောလိုက်မယ်လေ "

" မဆိုးဘူးပဲ ဒါဆို ဟိုကောင်တွေကိုပြောလိုက်တော့မယ် "

" အိုခေ "

မျက်ဝန်းလည်း ကျန်တဲ့ ၃ယောက်ကိုပါ group chat ထဲကနေလှမ်းပြောလိုက်သည်

သူတို့ ၃ယောက်ကတော့ ညဘက်အပြင်ထွက်ရတော့မှာမို့ တက်ကြွတဲ့ကြက်ဖတွေဖြစ်နေကြသည်

ဟိုတစ်ခါ အဆူခံရပြီးကတည်းက သူတို့မှာညဘက် အပြင်မထွက်ရတာ အခုထက်ထိပဲ သူမတို့ နှစ်ယောက်ပါမှသာ လူကြီးတွေကစိတ်ချလက်ချလွှတ်လေသည်

....

" ဟေ့ကောင်ဝဠာ အဲ့ ၂ယောက်က အာရုံပဲကွာ "

" အဲ့ဒါပြောတာ လွတ်လွတ်လပ်လပ်လုပ်ငန်းကိစ္စပြောချင်လို့ သီးသန့် private ခန်းယူထားရာမှ အဝင်ဝမှာတွေ့ဖြစ်အောင်ကိုတွေ့လိုက်သေးတယ် "

" ရှမ်းပြည်မှာမဆုံဖြစ်လို့ တကူးတကဒီမှာလာဆုံရတယ်လို့ "

သူတို့ ၂ယောက် စားသောက်ဆိုင်ကိုအလာ အဝင်ဝမှာ အရင်က ex တွေနဲ့ပြန်တွေ့လို့ စိတ်ရှုပ်နေရခြင်းပင်

အခုတောင် တစ်ယောက်နဲ့တစ်​ယောက် တီးတိုးပြောနေကြခြင်းပင်

" ခွန်းနဲ့စိုင်း နန်းတို့နဲ့ပဲတူတူထိုင်လိုက်နော် "

" အမ် တော် တော်ပြီ နန်း
ကိုယ်တို့လုပ်ငန်းရှင်တွေနဲ့ချိန်းထားတာမို့လို့ "

" ဟင် ခွန်းကလည်း သွေးတို့ကအခုမှတွေ့ရတာကို ဒါဆို စောင့်နေမယ်လေ "

" ဟုတ်တယ် နန်းလည်း စိုင်းကိုစောင့်နေမယ် "

နန်းသွေးချယ်နဲ့ နန်းကလျာမြတ်တို့ အကျင့်က အရင်ကအတိုင်းမပြောင်းလဲကြပေ

အခုလည်း ကိုယ့်ရဲ့လက်ကိုလာချိတ်နေလို့ ဖယ်ထုတ်နေရသေးသည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now