အပိုင်း ( ၅၇ )

2.5K 79 2
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 57
~~~~~~~
အချိန်စက်ဝိုင်းတွေကုန်လွန်ပြီးသည့်နောက် နှောင်းနဲ့ဝလ္လာတို့နှစ်ယောက်လည်း လက်ထပ်ပြီးသွားခဲ့ပြီ

ကိုကြီးမင်းသုခကတော့ အခုထိ single ပဲဖြစ်နေပြီး ပဲရစ်မြို့ကိုသဘောကျလို့ဆိုပြီး အဲ့မှာပဲအလုပ်လုပ်နေလေရဲ့

အာကာဇော်နဲ့ကောင်းမြတ်သူကတော့ ရန်ကုန်မှာပဲ စီးပွားရေးစပ်တူလုပ်ကိုင်နေပြီး နှစ်ယောက်သားပွေလိုက်တဲ့ရည်းစားဆိုတာ သူတို့အသက်ထက်တောင်ကျော်နေလေပြီ

နောက်ထပ်သတင်းကောင်းကတော့ နှောင်းရယ် စုစုရယ် မျက်ဝန်းရယ် ၃ယောက်လုံးက ကိုယ်ဝန်လွယ်ထားရခြင်းပင်

" မာမီရေ "

" ပြောလေ မီးလေး "

သမီးက ၂နှစ်ဝန်းကျင်ပဲရှိသေးတာမို့ စကားပြောတာက သိပ်တော့မပီသသေးပေ

" အိုက်ခွင်တားချင်တယ် တျောကလက်လေး "

" မနေ့ကလည်းမီးလေးစားထားသေးတယ်လေ ဒီနေ့ထပ်စားရင်ချောင်းဆိုးမှာပေါ့ မစားရတော့ဘူးနော် "

" ဟင့်အင်း.... မာမီတလည်း ကာကာက တန်နာတယ်ရေ "

" မီးလေးနော် မစားရဘူးဆိုမစားရဘူးပဲ "

" မာမီတလည်း အတျင့်ကကောင်းဘူး....တာဆို ဒယ်ဒီ့ဆီဖုန်းထော်ပေး ဒယ်ဒီနဲ့တကားတျောကြည့်မယ် "

မျက်ဝန်းမှာတော့ မနိုင်စိန်လေးအပြောကိုခေါင်းရမ်းလိုက်ပြီး ကိုကို့ဆီကိုဖုန်းခေါ်လိုက်ရသည်

" ကလေးလေး ဘာမှာမလို့လဲ "

" ကလေးမဟုတ်ဘူးကိုကိုရေ ကိုကို့ရဲ့သမီးပေါ့ ရေခဲမုန့်စားချင်တယ်တဲ့ ကလေးကမစားရဘူးပြောတော့ ဒယ်ဒီ့ဆီဖုန်းခေါ်ပေးဆိုလို့ စိတ်ကျေနပ်အောင်ခေါ်ပေးလိုက်တာ "

" မာမီတလည်း ကာကာ့ကိုပေးရေ "

" အမယ်လေး ပေးမှာပါ မိကာကာရေ "

ခွန်းမှာတော့ အမေနဲ့သမီးစကားပြောပုံတွေကိုနားထောင်ပြီး နှုတ်ခမ်းထက်မှာအပြုံးတွေတွဲခိုနေလျက်

" ဒယ်ဒီရေ "

" ပြောလေ မီးလေး "

" ကာကာကရေသိရား အိုက်ခွင်စားချင်နေရို့ကို မာမီကရေ ကာကာ့ကိုကျွေးဖူးတဲ့ အဲ့ဒါဒယ်ဒီအရုပ်ကပြန်ရာရင် ဝယ်ရာခဲ့ပေးပါရားဟင် "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now