အပိုင်း ( ၅၈ )

2.7K 74 0
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 58
~~~~~~~
" ကလေးလေး လမ်းလျှောက်တာအဆင်ပြေရဲ့လား "

" ဟုတ် ကိုကို "

" ဖြေးဖြေးချင်းလျှောက်ကြမယ်နော် "

" ဟုတ် "

မျက်ဝန်းနဲ့ကိုကိုလည်း သမုဒယရပ်ကွက်ထဲမှာ ညနေခင်းနှစ်ယောက်သားအတူတူလမ်းလျှောက်နေကြသည်

ဒီဇင်ဘာလမို့လို့ ရာသီဥတုကချမ်းစိမ့်စိမ့်လေးနှင့် နေလို့အဆင်ပြေသည်ပြောရမည်

" မာမီရေ "

" အရှုပ်ထုတ်လေးလာပြီတွေ့လား "

" အဟွန်း "

" ကဲမီးလေး ဘာပြောမလို့လဲ "

" ဘာမှမကြောပါဝူး..... မာမီနဲ့ဒယ်ဒီ့တိုလွမ်းရို့ "

" အမလေးရှင် မာမီနဲ့ဒယ်ဒီကခုနလေးကမှ အပြင်ကိုထွက်လာတာပါ "

" ကာကာ့ရဲ့ချိတ်ထဲမှာရေ အကြာရီးဖြစ်နေသရိုပဲ "

" ဒယ်ဒီ့သမီးလေးက ချစ်ဖို့ကောင်းလိုက်တာကွာ လာပါဦးဒယ်ဒီ့ဆီ "

" ဟုတ် "

ကလေးအနားမှာရှိနေရာကနေ သူ့ဆီကိုပြေးလာတဲ့သမီးလေးကြောင့် သူလည်းသမီးကိုပွေ့ချီလိုက်သည်

သူလည်းပွေ့ချီလိုက်ရော သမီးကသူ့ကိုအနမ်းပေးလာတာမို့ ရင်ထဲမှာပန်းတွေအအုံလိုက်ကြီး
ပွင့်သွားတော့သည်

" အဟား မီးလေးကကွာ မီးလေးမာမီလိုပဲ သိပ်ကိုချစ်ဖို့ကောင်းတယ် "

" ခစ် ခစ် "

" ဟော ကာကာလေးဘာတွေသဘောကျနေတာလဲ "

" အဟီး တီစု..... ဒယ်ဒီကလေ ကာကာ့ကိုမာမီ့လိုပဲချစ်ဖို့ကောင်းတယ်တဲ့ "

" အမယ် အကိုခွန်းတို့ကနော် မျက်ဝန်းကိုတော့ပါးစပ်ဖျားကနေကိုမချဘူး "

" အဟွန်း "

" တိုက်တိုက်ဆိုင်ဆိုင်ပါလား နှောင်းလည်းလမ်းလျှောက်ထွက်လာတာ "

သူတို့တွေလည်းနှောင်းအသံကြားလို့လှည့်ကြည့်လိုက်တော့ ဝလ္လာ့လက်ကိုကိုင်လာတဲ့ မေနှောင်းညိုကို တွေ့လိုက်ရသည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now