အပိုင်း ( ၄၃ )

2.8K 92 4
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 43
~~~~~~~
" ကိုကို
  ပထမဦးဆုံးအနေနဲ့ ကိုကို့ကိုတောင်းပန်ပါတယ်နော်  တကယ်တော့ကလေးက အားလုံးကိုမှတ်မိပါတယ် ကိုကို့ဘေးမှာအခုလိုပုံစံကြီးနဲ့နေချင်လို့ အတိတ်မေ့ချင်ယောင်ဆောင်ခဲ့တာပါ

ကိုကို ကလေးကိုသိပ်ချစ်မှန်း ကလေးသိပါတယ်အခုကလေးဒီမှာနေချင်တော့လို့ တစ်နေရာရာကိုဆေးကုဖို့ထွက်သွားပြီကိုကို

ကလေးတစ်ယောက်ထဲမဟုတ်လို့ စိတ်ပူနဲ့နော် ကိုကိုလည်း ကျန်းမာရေးဂရုစိုက်နော်
ကလေးဆေးကုပြီးတာနဲ့ ကိုကို့ဆီပြန်လာခဲ့မယ်
သိပ်ချစ်တယ်ကိုကို

                                        ကိုကို့ရဲ့ကလေးလေး "

စိုင်းထက်ဝဠာလည်း ခွန်းလက်ထဲက စာကိုဖတ်ပြီးတာနဲ့ ခွန်းအတွက်စိတ်မကောင်းဖြစ်နေမိတော့တယ်

ကလေးမကိုလည်းအပြစ်မတင်ရက်ပါဘူး ကိုယ်သာအဲ့လိုဖြစ်သွားရင်လည်း သူ့ရဲ့ချစ်လေးကို သူ့နားမှာထားရက်မှာမဟုတ်ဘူး

ကံတရားကိုသာအပြစ်ပုံချဖို့ပဲတတ်နိုင်တော့တယ်

ဘေးမှာငူငူငိုင်ငိုင်ဖြစ်နေတဲ့ခွန်းကိုတော့ ဘယ်လိုအားပေးရမှန်းလည်းသူမသိတော့ပေ

" ဝဠာ ငါရှမ်းပြည်ပြန်တော့မယ် "

" ဟင် ခွန်း "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now