အပိုင်း ( ၃ )

5.7K 130 0
                                    

မြေပြန့်သူလေး
-------------------
Part - 3
----------
" ဘယ်လိုလဲ တို့ရှမ်းပြည်က သာယာတယ်မလား"

" အဟီး ဟုတ်ပါ့နော် တကယ်သာယာတာ
မျက်ဝန်းတော့အရမ်းကြိုက်တာပဲ "

" ပြတင်းပေါက်ကကြည့်ရတာတောင်စိမ်းစိုနေတာပဲ "

" မမတို့ရှမ်းပြည်က အရမ်းလှတာ သဘာဝသယံဇာတတွေလည်းပေါများတယ် ရာသီဥတုလည်း ကောင်းတယ် ကားပေါ်ကဆင်းရင်တော့ တော်တော်အေးမှာ မျက်ဝန်း "

" ရပါတယ်မမရဲ့ မျက်ဝန်းအနွေးထည်ဝတ်ထားတာပဲ "

" မြေပြန့်သူက တောင်ပေါ်ဒေသဒဏ်ကိုခံနိုင်မလား ကြည့်ရသေးတာပေါ့ "

" ကြည့်နေပါ မမနန်းကဗျာချို ရဲ့ "

" အဟင်း ဟုတ်ပါပြီကွယ်
မမ အမေကိုဖုန်းဆက်လိုက်ဦးမယ် ကားဂိတ်မှာလာကြိုဖို့ "

" ဟုတ် "

မျက်ဝန်းလည်း မမကဗျာက ဖုန်းပြောနေတာမို့လို့ သဘာဝပတ်ဝန်းကျင်ကိုပဲငေးပြီးလိုက်ပါလာခဲ့တယ်

-
-
-
-
" ဘယ်လိုလဲ တောင်ပေါ်မြေမှာခြေချရတာ အဆင်ပြေရဲ့လား "

" အနွေးထည်အထူကြီးဝတ်ထားတာတောင် နည်းနည်းအေးသလိုပဲ "

" ဒါတောင် ၁၀နာရီ နေပူနေတဲ့အချိန်နော် ညဘက်ဆိုအရမ်းအေးတာ မမအတွက်ကတော့ ဒီရာသီဥတုလေးက  တကယ့်ကိုအဆင်ပြေတယ် "

" အင်းပေါ့ မမကတောင်ပေါ်သူကိုး "

သူတို့လည်း လာကြိုတဲ့ကားပေါ်မှာစကားပြောရင်း မမကဗျာတို့အိမ်ကို သွားနေကြခြင်းပင်

" အိမ်မှာ မေမေက ရှမ်းခေါက်ဆွဲနဲ့တို့ဖူးနွေး လုပ်ထားမယ်တဲ့ "

" တို့ဖူးနွေးအရမ်းစားချင်နေတာ မမရဲ့ တစ်ခါမှမစားဖူးဘူး "

" မျက်ဝန်း လျှာလည်သွားစေရမယ် စိတ်ချ "

" အဟီး.... ဟုတ်မမ "

နာရီဝက်လောက်မောင်းပြီးတော့ မမကဗျာတို့အိမ်ကိုရောက်လေသည်

အိမ်က ရပ်ကွက်ထဲမှာမို့လို့ ရပ်ကွက်ထဲကိုထပ်ပြီးဝင်ရသေးသည်

ရပ်ကွက်ဆိုပေမဲ့ အလွန်ကိုသန့်ရှင်းသပ်ရပ်ပြီး ကြည့်လို့ကောင်းလှသည် တောင်တန်းတွေကိုနောက်ခံထားပြီး ဆောက်ထားတာကြောင့် ပတ်ဝန်းကျင်ကလည်း ကြည့်လို့အဆင်ပြေသည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now