အပိုင်း ( ၅၉ )

2.6K 83 0
                                    

မြေပြန့်သူ​လေး
~~~~~~~~~~~
Part - 59
~~~~~~~
" ကြည့်ပါဦး သားသားကချစ်ဖို့ကောင်းလိုက်တာ "

" ဟုတ်ပါ့ အကိုခွန်းနဲ့တူတယ် "

" မကြီးက ကလေးမွေးတတ်လိုက်တာ တူမလေးရော တူလေးရော ၂ယောက်လုံးကချစ်စရာလေးတွေ "

" အေးကွယ် မြေးလေးက ဖွေးစွတ်နေတာပဲ "

အကုန်လုံးက သားလေးကိုကြည့်ပြီးချီးကျူးနေကြတာမို့ သားလေးကတော့စိတ်ရှုပ်နေသည်ထင်ပါရဲ့ ငိုမဲ့မဲ့​လေးဖြစ်နေလေသည်

မကြာပါ ငိုလာတဲ့သားဖြစ်သူကြောင့် ကိုကိုကပဲချီပြီး သူ့သားကိုချော့နေလေရဲ့

အလင်္ကာလေးကလည်း ကိုကိုသွားတဲ့နောက်ကိုပါသွားတာများတန်းနေတာပဲ

" ဒါဆို မေကြီးတို့ပြန်ဦးမယ် သမီး....မနက်ဖြန်ကျ သားခွန်းရဲ့မိဘတွေလည်းလာမှာဆိုတော့ အိမ်မှာလုပ်စရာတွေအများကြီးရှိတယ် "

" ဟုတ် မေကြီး ဘာနဲ့ပြန်မှာလဲ "

" ဝလ္လာလိုက်ပို့မှာ သမီး "

" ဟုတ်တယ်မကြီး နှောင်းနဲ့ကိုကိုလည်းတစ်ခါတည်းပြန်လိုက်တော့မလို့ "

" ဂရုစိုက်ပြန်ကြဦးနော် "

" ဟုတ်ပါပြီကွယ် ​ညနေကျ မင်းသုခကို ထမင်းချိုင့်ပို့ခိုင်းလိုက်မယ် "

" ဟုတ် မေကြီး "

မေကြီးတို့လည်းပြန်သွားတော့အခန်းထဲမှာ စုစုနဲ့ကိုကြီးဝဠာပဲ ရှိကြတော့သည်

" စုစု နင့် due date က ဘယ်တော့လဲ "

" နောက်တပတ် အင်္ဂါနေ့ "

" ဆေးရုံကြိုတက်မှာမလား "

" သဘက်ခါလောက်ကြိုတက်မှာ "

" နှောင်းရဲ့ due date လည်း အဲ့ရက်ပိုင်းလောက်မှာပဲနော် "

" ဟုတ်တယ် ဟိုနေ့ကဝလ္လာပြောပြသေးတယ် "

" မဆိုးဘူး ငါတို့ကလေးတွေအဖော်ရတာပေါ့ "

" ငါကတော့ ငါနဲ့နှောင်းမွေးလာမယ့်ကလေး ယောက်ျားလေးမ​​ဖြစ်စေဖို့ပဲဆုတောင်းတယ် ၃ယောက်လုံးယောက်ျားလေးသာဆို ထိန်းနိုင်မှာမဟုတ်ဘူး "

မြေပြန့်သူလေး ( Complete  ) Opowieści tętniące życiem. Odkryj je teraz