အပိုင်း ( ၂၅ )

3.4K 96 0
                                    

မြေပြန့်သူလေး
-------------------
Part - 25
-------------
" ဒေါ်နန်း ကလေးမလေးရဲ့အထုတ်တွေကို အပေါ်ထပ်မှာ ထားပေးလိုက် "

ဒေဝီလည်း ဒေါ်နန်းကိုပြောပြီးတာနဲ့ အိမ်သားတွေဘက်ကိုကြည့်လိုက်သည်

" ဒါက ရန်ကုန်ကနေပါလာတဲ့ သားငယ်လေးရဲ့ကောင်မလေး ဒါကြောင့် စံအိမ်မှာရှိတဲ့လူအားလုံး လေးလေးစားစားဆက်ဆံရမယ် "

အလုပ်သမားများထံမှ " ဟုတ်ကဲ့ " ဟု သံပြိုင်ပြောလိုက်ကြသည်

မျက်ဝန်းလည်း စံအိမ်ကိုရောက်ရောက်ခြင်း
ကိုယ့်ကိုယ်ကို အင်္ဂလိပ်ကားတွေထဲက နန်းတော်ကြီးထဲ ရောက်သွားသလိုခံစားလိုက်ရသည်

အိမ်ကြီးက ရှေးလည်းမဆန်သလို အရမ်းလည်းခေတ်ဆန်မနေ

အရောင်ကလည်း တည်ငြိမ်သလို မျက်ဝန်းတို့အခုရှိနေတဲ့ ဧည့်ခန်းဟုထင်ရတဲ့အခန်းကြီးကလည်း အကျယ်ကြီးပင်

ပါကေးတွေကလည်း ကိုယ့်ပုံကိုယ်ပြန်မြင်ရလောက်အောင် ပြောင်လက်နေသည်

ခြုံငုံပြီးပြောရရင်တော့ " I like it better "

" ကလေး ထိုင်ကြရအောင် "

" ဟု​တ် ကိုကို "

မျက်ဝန်းလည်း ကိုကို့ရဲ့ဘေးမှာဝင်ထိုင်လိုက်သည်

" ညီ မင်းကောင်မလေးက အသက်ရောပြည့်သေးရဲ့လား "

" ၂၂ရှိပြီ အကို "

" ဟယ် ဟုတ်လား နုလိုက်တာ "

နန်းအမရာလည်း တကယ်ပင်အံ့သြသွားရသည်
ကလေးမလေးက တကယ်ကိုသေးသေးလေး

" အဟီး ကျေးဇူးပါနော် "

မျက်ဝန်းမှာတော့ ပါးစပ်ပြန်စိလို့ကိုမရတော့ပေ

" ကလေး အဲ့ဒါက ကိုကို့ရဲ့အကို စဝ်မှိုင်းခ
ဒီဘက်က ကိုကို့ရဲ့ဇနီး အမနန်းအမရာ
အကိုနဲ့အမ ဒါကကျွန်တော့်ကောင်မလေး
ညှို့မျက်ဝန်းမေ "

မျက်ဝန်းတို့လည်း အချင်းချင်းနှုတ်ဆက်လိုက်ကြသည်

.....

မျက်ဝန်းလည်း တစ်ရေးနိုးလာတော့ ဗိုက်ဆာလာတာမို့ အောက်ထပ်ကိုဆင်းခဲ့လိုက်သည်

မြေပြန့်သူလေး ( Complete  ) Tempat cerita menjadi hidup. Temukan sekarang