အပိုင်း ( ၄၉ )

3.6K 87 4
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 49
~~~~~~~
ပြာလွင်နေသောကောင်းကင် ၊ မှိုင်းညှို့ညှို့တောင်တန်းကြီးတွေ ၊ တိုက်ခတ်နေသောလေပြေလေအေးများနဲ့အတူ စဝ်ခွန်မှိုင်းခရဲ့စိ​တ်တို့ဟာလည်း သဘာဝတရားများနဲ့အလားတူစွာ ဖြစ်နေတော့သည်

ဒီနေ့ကသူ့ရဲ့အပျော်ရွှင်ဆုံးနေ့တွေထဲကတစ်နေ့ဆိုလည်း မမှားပေ

အသိတွေပဲရှိသော သူ့ရဲ့မင်္ဂလာဆောင်က နွေးထွေးလှသည်

ဒါပေမယ့် မင်္ဂလာဝတ်စုံအဖြူလေးဝတ်ထားမယ့် သူ့ရဲ့ဇနီးလောင်းလေးကိုတော့သူ့မှာအခုထက်ထိမတွေ့ရသေးပေ

နမ့်စန်မှာရှိတဲ့ သူ့ရဲ့ခြံဝန်းကျယ်ကြီးမှာပဲ မင်္ဂလာပွဲကျင်းပတာမို့ သူ့ရဲ့မင်္ဂလာနေရာက ပကာသနတွေမပါဘဲနဲ့ကို လှနေတာတော့အမှန်

" ကဲ မကြာခင်မှာသတို့သမီး ကြွရောက်လာတော့မှာဖြစ်ပါတယ်ခင်ဗျ "

အခမ်းအနားမှူးအဖြစ် အာကာဇော်က​တာဝန်ယူထားရတာဖြစ်တာမို့ စုစုကအကြောင်းကြားတာနဲ့ အာကာလည်းမိုက်နဲ့တစ်ခါတည်း​ပြောလိုက်သည်

" သတို့သား နေရာယူပေးပါဗျ "

အာကာကပြောတာနဲ့ ခွန်းလည်းအဆင်သင့်နေရာယူလိုက်သည်

စိုင်းထက်ဝဠာကတော့ သူ့သူငယ်ချင်းခွန်းကို
ကြည့်ပြီး ပီတိဖြစ်နေရသည်

မင်္ဂလာပွဲရဲ့ဘေးပတ်ပတ်လည်မှာ Camera တွေလည်း ထောင်ထားလေသည် ဒါ့အပြင် ဝဠာကလည်း သူ့ရဲ့ camera နဲ့ တစ်ဖြတ်ဖြတ်ဓာတ်ပုံရိုက်နေတာမပြီးတော့ပေ

" ကိုကြီး "

" ချစ်လေးရောက်လာပြီလား "

" ဟုတ် "

" မျက်ဝန်းရော အဆင်သင့်ဖြစ်ပြီလား "

" ဟုတ်ကိုကြီး အာကာခေါ်တာနဲ့အိမ်ထဲကနေထွက်လာလိမ့်မယ် "

" ကိုကြီးချစ်လေးလည်း ဒီနေ့အရမ်းအရမ်းလှနေတယ် "

" ဒီနေ့မှမဟုတ်ပါဘူး ချစ်လေးကအချိန်တိုင်းလှ​နေတာပါနော် "

" ဟုတ်ပါ့ဗျာ ဟုတ်ပါ့ "

ဝဠာလည်း ချစ်လေးရဲ့ပါးလေးကိုဖွဖွလေးလိမ်ဆွဲပြီးပြောလိုက်သည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now