အပိုင်း ( ၃၅ )

3.4K 103 4
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 35
~~~~~~~
" ချယ်လေး ....လူတွေရှေ့မှာဆို တီလေးကို မမလို့ခေါ်နော် "

" ဟုတ် ဦးဦး "

ချယ်လေးက ဟုတ်လို့ပြောမှ သူလည်း ချယ်လေးလက်ကိုဆွဲပြီး ကုမ္ပဏီထဲဝင်လာခဲ့လိုက်သည်

" ဟဲ့ CEO က ကလေးရှိတာလား "

" ကြားတော့မကြားမိဘူးဟ ဒါပေမယ့် ဒီကလေးလေးက CEO နဲ့တော့ခပ်ဆင်ဆင်နော် "

" အွန်း ဟုတ်တယ် ကလေးလေးကချစ်စရာလေး"

ရုံးကဝန်ထမ်းတွေကတော့ ဓာတ်လှေကားထဲဝင်သွားပြီဖြစ်တဲ့ CEO နဲ့ ကလေးလေးကိုကြည့်ပြီး ဝေဖန်နေကြတော့သည်

ခွန်းကတော့ ဘာကိုမှဂရုမစိုက်စွာ သူ့ရုံးခန်းရှိရာ ၁၀ထပ်ကို ချယ်လေးလက်ကိုဆွဲသွားပြီး တက်သွားလိုက်သည်

ရုံးခန်းထဲရောက်မှ မရောက်လာသေးတဲ့ အတွင်းရေးမှူးကို HR ကနေတစ်ဆင့်ခေါ်ခိုင်းရသေးသည်

အလုပ်ရှင်ဖြစ်ပြီး သူ့ကလေးကိုပြန်ကြောက်နေရတဲ့အဖြစ်

" မျက်ဝန်းရေ CEO ရောက်လာပြီဆိုတော့ တက်သွားလိုက်တော့နော် "

" ရှင် ဟုတ် ဟုတ် အမ "

မျက်ဝန်းလည်း သူမရဲ့ laptop နဲ့ အိတ်ကိုယူပြီး ဓာတ်လှေကားနဲ့ အပေါ်ကိုတက်သွားလိုက်သည်

ဓာတ်လှေကားစီးနေရင်း ရင်တွေခုန်နေတာကလည်း အဆက်မပြတ်

" ဒေါက် ဒေါက် "

" ဝင်ခဲ့ပါ "

မျက်ဝန်းလည်း ခွင့်ပြုချက်ရတော့ တံခါးကိုဖွင့်လိုက်တာနဲ့

" တီတီလေး " ဆိုပြီး သူမကိုပြေးဖက်လာတဲ့ ချယ်လေးကြောင့် အံ့သြမိသွားသည်

ဒါဆိုမနက်က CEO က ကလေးတစ်ယောက်နဲ့ ရုံးကိုလာတယ်ဆိုတာ ချယ်လေးဖြစ်နေတာကိုး

" ချယ်လေး ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ "

" ကိုယ်နဲ့နေချင်တယ်ဆိုလို့လေ အဲ့ဒါ​ကြောင့်
ရန်ကုန်ကိုခေါ်လိုက်တာ "

သူ့ကိုမမေးဘဲ ​ဖြေလာတဲ့လူကြီးကြောင့် မျက်ဝန်းလည်း မျက်စောင်းထိုးလိုက်သည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now