Chapter - 66

285 29 0
                                    

Unicode

ချန်ယိရန်ထွက်သွားခါနီးမှာပဲ အိပ်ရာပေါ်လှဲနေပြီဖြစ်တဲ့ လီလင်းလင်းက သူ့ကိုခေါ်လာပြန်တယ်၊
"ညီမလေး နို့ဆန်ပြုတ်သောက်ချင်တယ်။ညီမလေးဖျားရင် အမေက နို့ဆန်ပြုတ်ပြုတ်ကျွေးနေကျ"

"..." ချန်ယိရန်က ခဏလောက်တိတ်ဆိတ်နေပြီးမှ
"ကိုယ်သိပြီ"

ဒီတစ်ခါတော့ သူအခန်းထဲကနေ ချောချောမွေ့မွေ့နဲ့ထွက်လာနိုင်ခဲ့ပြီး လီလင်းလင်းအတွက် နို့ဆန်ပြုတ်ပြုတ်ပေးဖို့ မီးဖိုဆီဦးတည်လိုက်တယ်။ နို့ဆန်ပြုတ်ပြုတ်ရမယ့်အဆင့်တွေက မရှုပ်ထွေးဘူး။ ချန်ယိရန်က ဆန်ပြုတ်အိုးတည်ထားရင်း အလုပ်ကမေးလ်တွေကိုစစ်နေလိုက်တယ်။

အဲချိန်မှာ လီလင်းလင်းအိတ်ထဲထည့်ထားတဲ့ဖုန်းကမြည်လာခဲ့တယ်၊ ချန်ယိရန်က ဆိုဖာပေါ်ကြုံရာပစ်တင်ထားခဲ့တဲ့ အိတ်ကိုတစ်ချက်ကြည့်လိုက်ပြီး ဖုန်းကိုင်ဖို့ရန် ထသွားလိုက်တယ်။

အိတ်ထဲကဖုန်းက ဆက်မြည်နေဆဲဖြစ်တယ်၊ ချန်ယိရန်ကအိတ်ကိုဖွင့်ပြီး ဖုန်းကိုထုတ်ကြည့်လိုက်တော့ ဝူဟွေဆီကဖြစ်နေတာတွေ့လိုက်ရတယ်။

သူကခဏလောက်စဉ်းစားကြည့်ပြီးတော့ ဖုန်းကိုင်လိုက်တယ်၊
"ဟယ်လို"

"..." ဖုန်းရဲ့တစ်ဖက်မှာရှိ‌တဲ့ဝူဟွေကတော့ သူမအစာအိမ်တွေအောင့်လာသလိုခံစားလိုက်ရတယ်။ ဖုန်းရဲ့တစ်ဖက်ကအသံကိုကြားလိုက်ရတော့ သူမပြောမယ့်စကားလုံးတွေကိုအတင်းအကြပ်ပြန်ထိန်းလိုက်ရတာကြောင့် အသက်ရှူကြပ်ပြီးသေလုနီးပါးပင်။

၂စက္ကန့်လောက်လုံးဝတိတ်ဆိတ်မှုအပြီးမှာ ဝူဟွေက နောက်တော့ စကားလုံးတစ်လုံးကိုညှစ်ထုတ်ပြောလိုက်တယ်၊
"အဲဒီက....."

"ငါ ချန်ယိရန်။"

"..." ဖုန်းတစ်ဖက်ကဝူဟွေကပြုံးလိုက်ပြီး ၊
"အဲဒါဆို အဆင်‌‌ပြေနေတာပဲကိုး၊ နှုတ်ဆက်လိုက်ပါတယ် ဘိုင့်"

ဖုန်းက အလျင်အမြန်ပဲကျသွားတော့တယ်။

ချန်ယိရန်ကတော့ ဂရုမစိုက်ဘူး၊ သူက လီလင်းလင်းရဲ့ဖုန်းကိုအိတ်ထဲပြန်ထည့်ပေးမလို့ရှိသေး ဖုန်းကနောက်တစ်ကြိမ်မြည်လာပြန်တယ်၊ ဒီတစ်ခေါက်ကတော့ ချန်ရှီဆီကဖြစ်လေတယ်။

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now