Chapter - 9

1.9K 345 12
                                    

Part-1

Unicode

လီလင်းလင်းဟာ မြေကြီးပေါ်ထိုင်ပြီး ငိုနေတဲ့ချိန်မှာပဲ မိန်းမတစ်ယောက်ရဲ့အသံတစ်ခု ရုတ်တရက်ကြီးထွက်လာခဲ့တယ် :
" အိုး ဒါမနေ့က Snow White မဟုတ်ဘူးလား။ မနေ့က ငါနဲ့ငြင်းခုန်တော့ အရမ်း မိုက်ခဲ့တာ။ အခုကဘယ်လိုဖြစ်ရတာလဲ?"

လီလင်းလင်းဟာ ခေါင်းမော့ပြီးကြည့်လိုက်တော့ အနက်ရောင်ဝတ်စုံ ဝတ်ထားပြီး မျက်ရည်ဖျော့တော့တော့ ဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ သူဝတ်ဆင်ထားတဲ့ ဝတ်စုံကလည်း Fluerရဲ့ new spring style ပဲ၊ ဒါပေမယ့် လူစီယူနဲ့မတူတာက သူမဝတ်ထားတဲ့ ဝတ်စုံဟာ သေချာပေါက် ငှားထားတာ မဟုတ်ဘူးဆိုတာပဲ။

"ရှင် ရှင်က ပေါင် ပဲ။ ဟို ကျီဇီဖုန်းကို ပျိုးထောင်တဲ့ အဲဒီ Mrs.ကောင်း ?"
လီလင်းလင်းဟာ မနေ့ကဖြစ်ရပ်ကို အရမ်းအံ့အားသင့်လွန်းလို့ ဒီအမျိုးသမီးကို တစ်ချက်ထဲနဲ့ မှတ်မိတာဖြစ်တယ်။

သူမဘေးမှာရှိနေတဲ့ ဝူဟွေ ဒီဟာကိုကြားလိုက်တော့ ကောင်းထိုင်ကို နှစ်ခါလောက် အမြန်ကြည့်လိုက်တယ်။

အခုလေးတင် တစ်ယောက်ယောက် ရုတ်တရက်ကြီးပေါ်လာတော့ သူမနှလုံးသားလေး ခုန်ထွက်သွားမလိုတောင်ဖြစ်ခဲ့တယ်။ တော်သေးတာပေါ့ မီဒီယာတွေ ၊တခြား အမျိုးသမီးအနုပညာရှင်တွေမဟုတ်လို့၊ ဒါက ဒဏ္ဍာရီလာ ပုံပြင်ထဲက ဇာတ်လိုက်မဖြစ်နေတာပဲ!။

ဒီ ကောင်းထိုင်ရဲ့အသားအရည်က ကောင်းကောင်းထိန်းသိမ်းထားတယ်လို့ပြောရမယ် ၊ ဝူဟွေတောင် သူ့အသက်အမှန်ကို ခဏလောက်မပြောနိုင်ဖြစ်သွားတာကိုး။ သူမက သူဝတ်ထားတဲ့ဝတ်စုံနဲ့အရမ်းစတိုင်ကျနေပြီး အထက်တန်းအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်နဲ့တောင်တူနေတယ်။

မနေ့က Drama Class မှာ ပွဲကြီးပွဲကောင်း လာနွှဲသွားတာကလွဲရင်ပေါ့။

"အရမ်းအဆိုးကြီးမပြောပါနဲ့၊ ကျွန်မကို Mrs.ချိုး လို့ပဲခေါ်ပါ" Mrs.ချိုးဟာ တစ်သျှူးလေးထုတ်ကာ သူမဘေးက လီလင်းလင်းကို ကမ်းပေးလိုက်တယ်။
"မင်းတကယ် ချန်ယီရန်နဲ့ သိမယ်လို့မထင်ထားဘူး"
(T/N - Mrs.ကောင်း= Mrs.ချိုး🥲)

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now