Chapter - 25

1.7K 287 2
                                    

Unicode

Part-1

လီလင်းလင်းဟာ ဒီအချိန်အတွက် ကြိုးစားပြင်ဆင်နေတာဖြစ်တယ်။ ချန်ယီရန်ရောက်လာတဲ့အချိန်မှာ လီလင်းလင်းက ချန်ရှီကို သူ့ရဲ့ကြွက်သားတွေကို စိတ်အားထက်သန်စွာပြနေတာဖြစ်တယ်။

"နင့်ကြွက်သားတွေက တကယ့်ကိုပဲ.....အရမ်းကိုဖုံးကွယ်ထားတာပဲ" ချန်ရှီဟာ လီလင်းလင်းရဲ့လက်မောင်းနားကို လက်ထဲမှာ မှန်ဘီလူးကိုင်ပြီးကြည့်လိုက်တယ် :
"ငါသေသေချာချာမကြည့်ရင် မြင်ရမှာတောင်မဟုတ်ဘူး"

"...." လီလင်းလင်းဟာ နှုတ်ခမ်းထောင့်စွန်းကိုကြည့်လိုက်ပြီး ခေါက်တင်ထားတဲ့အင်္ကျီလက်ကိုချလိုက်ကာ ဝမ်းဗိုက်ကြွက်သားတွေပြဖို့လုပ်လိုက်တယ် :
"ငါဝမ်းဗိုက်ကြွက်သားပေါ်အောင်လေ့ကျင့်ခန်းလုပ်ထားတယ် ပြီးတော့ ရေသူမလိုင်းကောပဲ!!"

သူမရဲ့ အင်္ကျီကို မ တင်ဖို့လုပ်နေတဲ့အချိန်မှာပဲ ချန်ယီရန်ဟာ တံခါးဖွင့်ပြီးအထဲဝင်လာတော့တယ်။ ဧည့်ခန်းထဲက၂ယောက်နဲ့ တံခါးဝကချန်ယီရန်တို့ဟာ တောင့်တင်းသွားကြတယ်၊ လီလင်းလင်းရဲ့လှုပ်ရှားမှုတွေဟာ လေထဲမှာရပ်တန့်နေပြီး အင်္ကျီစကတော့ လက်ကနေ လျှောဆင်းသွားလေတယ်။

"အစ်ကိုယီရန် ရောက်လာပြီလား?" ချန်ရှီက ပထမဆုံးတုန့်ပြန်လိုက်တဲ့သူဖြစ်တယ်၊ သူက slippersစီးလိုက်ပြီး လျှောက်လာတော့ :
"အစ်ကို ညီမတို့အတွက် လက်ဆောင်တွေယူလာပေးပြန်ပြီပဲ!"

ချန်ယီရန်ဟာ သူ့လက်ထဲမှာ စက္ကူအိတ်အနည်းငယ်ကိုကိုင်ထားပြီး သူပြင်လာခဲ့တဲ့လက်ဆောင်တွေကိုကြည့်လိုက်တယ်။

"အိုး၊ မင်းနဲ့လင်းလင်းအတွက် နှစ်သစ်ကူးလက်ဆောင်" ချန်ယီရန်ဟာ လက်ထဲကအိတ်တွေကို ချန်ရှီထံကမ်းပေးလိုက်တယ်။

"ကျေးဇူးပဲ အစ်ကိုယီရန်!!" ချန်ရှီဟာ ဆိုဖာဆီကို ပျော်ရွှင်စွာပြေး‌သွားပြီး အခုထိမိန်းမောတွေဝေနေတဲ့လီလင်းလင်းကိုခေါ်လိုက်တယ် :
"လင်းလင်း ဒီမှာ လက်ဆောင်ဖွင့်ကြည့်ရအောင်"

"အို၊ အိုး...." လီလင်းလင်းဆံနွယ်နက်နက်တွေကို နားအနောက်ကိုသပ်လိုက်ပြီး ချန်ယီရန်ကိုတော့ နှုတ်မဆက်လေဘူး၊ ပြီးမှ ချန်ရှီနားကို လက်ဆောင်ကြည့်ဖို့ကပ်သွားလိုက်တယ်။ချန်ယီရန်ဟာ နေရာမှာပဲ တစ်ယောက်တည်းရပ်နေပြီး တစ်ခုခုလစ်ဟာနေသလိုခံစားလိုက်ရတယ်၊ သူက ချောင်းအသာဟန့်လိုက်ပြီး ဘာမှ‌ ရေရေရာရာပြောစရာမရှိဘဲ မေးလိုက်တယ်:
"မင်းတို့အခုလေးတင် ဘာလုပ်နေကြတာလဲ?"

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now