Chapter - 42

1.5K 241 10
                                    

Unicode

ဖူအိုက ဒါရိုက်တာကိုမေးလိုက်တယ်:
"ဇာတ်လမ်းထဲလည်း စာအုပ်ထဲကအတိုင်းပဲ ဆက်ရိုက်မှာလား?"

ဒါရိုက်တာပြောလိုက်တယ် :
"သေချာပေါက်မဟုတ်ဘူးပေါ့ဗျာ၊ ပြီးတော့ ရိုက်ကူးဖို့လည်းအဆင်မပြေဘူးလေ။ အခုက အိုကျားရှု ရှောင်ယိရန်ရဲ့လိုက်ဖမ်းခြင်းကိုခံရပြီး ဆန်ရှင်းပင်လယ်အော်ရောက်သွားတော့ သူမဘာသာသူမ ပင်လယ်ထဲခုန်ချသွားတယ်လို့ စီစဉ်ထားတယ်"

"ပင်လယ်ထဲခုန်ချတယ်?" ဖူအိုရဲ့မျက်ခုံးတွေလှုပ်သွားပြီး :
"တကယ်ခုန်ချရမှာလား?"

"Mr.ဖူက ဟာသအရမ်းပြောတတ်တာပဲ၊ ကျွန်တော်တို့ computer special effectsတွေကို သုံးမှာပါ"

"အိုး...." ဖူအိုခေါင်းညိတ်လိုက်တယ် :
"ရိုက်ကူးရေးလုပ်နေတဲ့ချိန် အရေးကြီးဆုံးက လုံခြုံရေးပဲ"

"ဟုတ်ပါတယ် ဟုတ်ပါတယ်" ခင်ဗျားကသာအရှင်သခင် ခင်ဗျားကသာ ဖခင်ကြီးပါ၊ ခင်ဗျားဘာမဆိုပြောနိုင်ပါတယ်။🤣

"စကားမစပ်၊ လွန်ခဲ့တဲ့၂ရက်က ရိုက်ကွင်းမှာ မနှစ်မြို့စရာကောင်းတဲ့အငြင်းပွားမှုတွေဖြစ်ခဲ့တယ်လို့ ကျွန်တော်ကြားတယ်"

ဒါရိုက်တာ သက်ပြင်းချချင်စိတ်တွေပေါ်လာတယ်၊ ဒီကိစ္စတွေက Mr.ဖူနားထဲတောင်ရောက်သွားခဲ့ပြီလား? :
"အတွင်းရေးသဘောထားကွဲလွဲမှုလေး နည်းနည်းဖြစ်သွားတာပါ၊ ဒါပေမယ့် ကျွန်တော်တို့ဖြေရှင်းပြီးသွားပါပြီ"

"အဲဒါကောင်းတယ်" ဖူအိုအပြုံးလေးနဲ့ပြောလိုက်တယ် :
"လင်းလင်းက Mr.ချန်ရဲ့ညီမလေးနဲ့ သူငယ်ချင်းကောင်းတွေ‌လေ၊ ပြီးတော့ Mr.ချန်ရဲ့ညီမလေးလို့လည်းပြောလို့ရတယ်။ ကျွန်တော် သူ့ကိုသွားကြည့်လိုက်ဦးမယ်"

ဒါရိုက်တာနဲ့ producerတို့ရဲ့မျက်လုံးတွေရွေ့သွားတယ်၊ လေးစားစရာကောင်းတဲ့ Mr.ဖူ ဒီနေ့ဒီကိုရောက်လာတဲ့ရည်ရွယ်ချက်က လီလင်းလင်းကိုလာတွေ့ဖို့လား?

"သူလာနေပြီ သူလာနေပြီလို့!" ဝူဟွေရဲ့အသံက ပြောလေလေ မာလေလေဖြစ်လာတယ် :" လင်းလင်း လင်းလင်းလို့!"

"ငါတွေ့တယ်!" လီလင်းလင်းက သူ့လက်မောင်းကိုဆုပ်ကိုင်ထားတဲ့ ဝူဟွေရဲ့လက်ချောင်းတွေကို တစ်ချောင်းချင်းစီဆွဲဖြုတ်လိုက်တယ်။ သူထင်တာ ဝူဟွေက ချန်ယီရန်ကိုပဲကြောက်တယ်ပေါ့၊ ဒါပေမယ့် သူက ဖူအိုကိုတောင် ကြောက်လိမ့်မယ်လို့မထင်ထားဘူး။

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now