Chapter - 46

1.5K 257 4
                                    

Unicode

ချန်ယီရန်က လီလင်းလင်းရဲ့ပါးကို သူ့လက်ဖမိုးနဲ့အသာပုတ်လိုက်တယ်၊ လီလင်းလင်းကအကြိမ်အနည်းငယ်လောက်ညည်းညူလိုက်ပြီးမှ ချန်ယီရန်ရဲ့မျက်နှာကိုကြည့်ဖို့ မျက်လုံးဖွင့်လိုက်တယ်။

ဒီအခိုက်အတန့်ဟာ မနေ့ညကသူမမက်ခဲ့တဲ့အိပ်မက်နဲ့တူနေပြီး လီလင်းလင်းက ခဏလောက် လက်တွေ့နဲ့အိပ်မက်မခွဲခြားနိုင်ဖြစ်သွားတယ်။

"ဘာဖြစ်လို့လဲ?" ချန်ယီရန်က သူမမှိုင်နေပြီး စကားမပြောတာတွေ့တော့ သူမ နေလို့မကောင်းဘူးလို့ထင်လိုက်တယ် :
"လေယာဉ် မူးလို့လား?"

သူလီလင်းလင်းနားပြန်ကပ်သွားပြီး အပူချိန်တိုင်းကြည့်ဖို့ သူမနဖူးကိုစမ်းကြည့်ဖို့လုပ်လိုက်တယ်။လီလင်းလင်းရဲ့မျက်နှာက နောက်တစ်ခါနီမြန်းတော့မယ့်အချက်ပြလာတော့တယ်။သူမ မြန်မြန်ထလိုက်ပြီး ချန်ယီရန်ရဲ့လှုပ်ရှားမှုကို‌တားလိုက်တယ် :
"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး၊ အခုမှနိုးလို့ နည်းနည်းရှုပ်ထွေးသွားရုံလေးပါ"

ချန်ယီရန်ပြုံးလိုက်ပြီး သူ့လက်ပြန်ရုတ်လိုက်ကာ မတ်တပ်ရပ်လိုက်တယ် :
"ကိုယ်တို့ Aမြို့ကိုရောက်ပြီ၊ ဆင်းရအောင်"

"ဟုတ်"

သူမလေယာဉ်ပေါ်ကဆင်းတော့ လက်ထောက်ဝူက တာဝန်သိတတ်စွာနဲ့ သူမရဲ့ခရီးဆောင်အိတ်လေးကိုဆွဲလာပေးလေတယ်။ ဖူအိုနဲ့ချန်ယီရန်က ရှေ့ကနေလျှောက်နေပြီး အချင်းချင်းစကားပြောနေကြတယ်။ သူတို့လမ်းလျှောက်နှုန်းကမြန်တဲ့အတွက် လီလင်းလင်းလည်း သူတို့မှီအောင် အရှိန်မြှင့်ပြီး‌လျှောက်ရလေတယ်။

ကားဆီကိုရောက်တော့ ချန်ယီရန်ရပ်လိုက်ကာ လီလင်းလင်းဘက်လှည့်လာပြီးပြောလိုက်တယ် :
"ကိုယ်တို့ ကုမ္ပဏီကိုပြန်သွားပြီး အစည်းအဝေးလုပ်ရဦးမယ်၊ အဲဒါကြောင့် မင်းနဲ့ညစာအတူမစားနိုင်တော့ဘူး။မင်းဘာစားချင်လဲ လက်ထောက်ဝူကိုလိုက်ပို့ခိုင်းလိုက်။ ညစာစားပြီးရင် သူ့ကိုအိမ်ပြန်လိုက်ပို့ခိုင်းလိုက်"

"အိုး ကောင်းသားပဲ" လီလင်းလင်းခေါင်းညိတ်လိုက်တယ် :
"ဒါဆို အစ်ကိုလည်း ညစာစားဖို့သတိရဦးနော်"

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now