Chapter - 43

1.5K 261 10
                                    

Unicode

သီးသန့်အခန်းရဲ့တံခါးဟာ ငြင်သာစွာနှစ်ချက်အခေါက်ခံလိုက်ရပြီး စားပွဲထိုးကအထဲဝင်လာကာ ချန်ယီရန်ကိုပြောလိုက်တယ် :
"Mr.ချန် အစားအသောက်တွေအဆင်သင့်ဖြစ်ပါပြီ"

"ကောင်းပြီ" ချန်ယီရန်ခေါင်းညိတ်လိုက်ပြီး အပြင်က စားပွဲထိုးကို ဝင်လာဖို့အချက်ပြလိုက်တယ်။

တရုတ်ရိုးရာဝတ်စုံကိုယ်ကျပ်ကိုဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ဟာ အစားအသောက်ပန်းကန်တွေနဲ့ဝင်လာပြီး စားပွဲပေါ်ချပေးကာ အစားအသောက်အကြောင်းကို အသေးစိတ်မိတ်ဆက်ပေးလေတယ်။

"အခုက မျှစ်ရာသီဆိုတော့ ကိုယ် မျှစ်နဲ့ချက်ထားတဲ့ဟင်းတွေနည်းနည်းပိုမှာထားတယ်" ချန်ယီရန် လီလင်းလင်းကိုပြောလိုက်တယ်။

"အွန်း၊ ညီမ မျှစ်အရမ်းကြိုက်တယ်" လီလင်းလင်းက အချောင်းချောင်းလေးတွေလှီးထားတဲ့ မျှစ်အချို့ကို တူနဲ့ယူပြီး တစ်ကိုက်စားလိုက်တယ် :
"ဒီနွေဦးမျှစ်နဲ့ ကြက်သားရောချက်ထားတဲ့ဟာ အရမ်းစားလို့ကောင်းတယ်၊ ပြီးတော့ အရမ်းလတ်ဆတ်တာပဲ"

ချန်ယီရန်လည်း တူကောက်ကိုင်လိုက်ကာ မြည်းကြည့်လေတယ်၊ ခေါင်းအသာညိတ်လိုက်ပြီး :
"တကယ်မဆိုးဘူး"

အစားအသောက်တွေက တစ်ခုပြီးတစ်ခုလာချပေးနေပြီး၊ သူတို့အခန်းကိုတာဝန်ယူထားရတဲ့ စားပွဲထိုးကောင်လေးက တံခါးမပိတ်လိုက်ဘူး၊ အဲဒါဟာ အစားအသောက်တွေချရာမှာ အဆင်ပြေစေဖို့ဖြစ်တယ်။ ဖူအိုက Huachuang gp အကြီးအကဲတွေနဲ့ အစည်းအဝေးလုပ်ပြီးနောက် သူလည်းဒီကိုလာကာ အစားအသောက်တွေလာမြည်းကြည့်ချင်နေခဲ့တာဖြစ်တယ်။ သူချန်ယီရန်ရှိနေတဲ့ သီးသန့်ခန်းကိုဖြတ်သွားတော့ သူရပ်လိုက်ပြီးနှုတ်ဆက်လိုက်လေတယ်။

လီလင်းလင်းက အစားအသောက်တွေကိုစားရင်းအလုပ်များနေတယ်။ သူမက အစားအသောက်လာချပေးတဲ့နှုန်းကိုလိုက်မမှီနိုင်ဘူးဖြစ်နေလေတယ်။အနောက်တိုင်းဝတ်စုံအပြည့်နဲ့သားရေဘိုးဖိနပ်တွေစီးထားတဲ့လူအုပ်စုကြီးက ရုတ်တရက်ကြီး အပြင်မှာရပ်နေတာတွေ့လိုက်ရတဲ့အချိန်မှာတော့ သူမဟာပေပွနေပြီဖြစ်တယ်။ ဖူအိုဟာလည်း လူအုပ်ထဲမှာရှိနေလေတယ်။ ဒါကိုကြည့်ချင်းအားဖြင့် သူတို့အားလုံးဟာ Huachuang gpရဲ့ အကြီးတန်းတွေဖြစ်တယ်လို့ ခန့်မှန်းနိုင်တယ်။

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ