Chapter - 4

2.7K 379 2
                                    

Zawgyi

အရင်က ဟွာချောင်းgpဟာ ချန်ယီရန်ရဲ့အဖေနဲ့ နိုင်ငံခြားက သူ့သူငယ်ချင်းအနည်းငယ်ဖြင့် တည်ထောင်ခဲ့တဲ့ သေးငယ်သော ကုမ္ပဏီလေးသာဖြစ်တယ်။ဆယ်စုနှစ်များစွာ ကြိုးစားလုပ်ကိုင်မှုအပြီးမှာတော့ companyဟာ တည်ငြိမ်တဲ့အတိုင်းအတာရောက် လုပ်ငန်းကြီးအဖြစ် တိုးတက်လာခဲ့တယ်,ဒါပေမယ့် ဟွားချောင်းgpရဲ့ ရုံးခွဲဖြစ်တဲ့ ပြည်တွင်းသုံးလုပ်ငန်းကတော့ စတင်တည်ထောင်ကတည်းက တစ်ဝက်လောက် ရပ်ဆိုင်းနေခဲ့တယ်။ချန်ယီရန်နဲ့သူ့ရဲ့လက်ရွေးစင်အဖွဲ့သားတွေဟာ အချိန်၃နှစ်သာယူပြီး လုပ်ငန်းပုံမှန်လည်ပတ်နိုင်အောင်ဆောင်ရွက်နိုင်ခဲ့ကာ လုံးဝအသစ်အတိုင်း ပြုလုပ်ခဲ့တယ်။

ဒီနှစ်ပိုင်းတွေထဲမှာ ပြည်တွင်းသုံးလုပ်ငန်းအလျင်အမြန်တိုးတက်လာတာနဲ့အမျှ ဟွားချောင်းgpဟာလည်း ပြည်တွင်းသုံးလုပ်ငန်းတွေမှာ အာရုံစိုက်ခဲ့တယ် ပြီးတော့ ချန်ယီရန်ဟာ gpရဲ့ ရှေ့ဆောင်နယ်မြေမှာ ဦးဆောင်သူတစ်ဦးဖြစ်တယ်။

ချန်ယီရန်ရဲ့ interviewကိုဖတ်ပြီးတဲ့နောက်မှာ ဝူဟွေတစ်ယောက် ခေတ္တမျှ တိတ်ဆိတ်သွားတယ်:"....အဲဒီတော့ နင်က ဘာလို့ goal ကိုဒီလောက်အမြင့်ကြီးထားရတာတုန်း?ငါတို့ ပိုလွယ်တဲ့ဟာပြောင်းလို့မရဘူးလား!"

ချန်ယီရန်လိုယောက်ျားမျိုးက မိန်းကလေးတွေကိုကော ကြိုက်ပါ့မလား?

"မပြောင်းဘူး" လီလင်းလင်းဟာ စဉ်းတောင်မစဉ်းစားဘဲ ငြင်းလိုက်တယ်။

ဝူဟွေ ထပ်ပြီးသရော်လိုက်ကာ မဂ္ဂဇင်းကို လီလင်းလင်းထံပြန်ပစ်ပေးလိုက်တယ်:"ဘာပဲဖြစ်ဖြစ် မနက်ဖြန်ည Charity partyမှာ ငါ့ကို အခက်အခဲကြားထဲပြန်ဆွဲသွင်းလို့ကတော့ ငါနင့်ကို ကျက်သွားတဲ့အထိ မီးရှိုပစ်မယ်!"

လီလင်းလင်းဟာ သူမကိုမကြည့်ဘဲ ဆိုဖာပေါ်မှီလိုက်ပြီး :"ငါဘယ်မှမသွားချင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါက အချစ်မှာကျရှုံးနေတာ ငါအလုပ်မလုပ်ချင်ဘူး"

"..." "နင်မသွားချင်လည်းသွားရမယ်!"

"ငါမသွားဘူး!"

ချန်ရှီရဲ့မျက်လုံးတွေ လှုပ်ရှားသွားပြီး gpနဲ့အတူရှိနေတဲ့လီလင်းလင်းကိုပြောလိုက်တယ်:"ဒီ Charity partyက 'TOMATO' magazineက ဦးစီးကျင်းပတာမလား?ငါ့အစ်ကိုလည်း တက်မယ်ထင်တယ်"

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now