Chapter - 48

1.4K 229 1
                                    

Unicode

လုယူရွှမ်ဆီမှာ စာကြည့်ခန်းဆိုပြီး သပ်သပ်လုပ်ထားတာမရှိလေဘူး၊ အဲဒါကြောင့် သူ့အခန်းထဲမှာပဲစာကြည့်စားပွဲအသေးစားထည့်ထားပြီး ပုံမှန်အိမ်စာလုပ်လေတယ်။

လီလင်းလင်းနဲ့ညစာစားပြီးသွားတော့ သူဟာ ပန်းကန်တွေကို ပန်းကန်ဆေးစင်ထဲထည့်ထားလိုက်ကာ လီလင်းလင်းကိုသူ့အခန်းထဲခေါ်သွားတယ်။

လုယူရွှမ်က ငယ်ငယ်နဲ့ရင့်ကျက်နေပြီဆိုပေမယ့် သူက ကလေးပဲရှိသေးတယ်။ သူ့အခန်းထဲမှာ ကာတွန်းဇာတ်ကောင်ပုံတွေအပြည့်ကပ်ထားပြီး စာအုပ်စင်ပေါ်မှာ ကာတွန်းစာအုပ်တွေအပြည့်ရှိနေလေတယ်။ သူက လီလင်းလင်းဆီ ခုံရွှေ့လိုက်ပြီး သူ့ကျောင်းလွယ်အိတ်ထဲက လေ့ကျင့်ခန်းစာအုပ်ကိုထုတ်လိုက်တယ်။

လီလင်းလင်းက စာကြည့်စားပွဲမှာဝင်ထိုင်လိုက်ပြီး သူ့ရဲ့ကစားစရာတွေထားတဲ့နေရာကိုကြည့်လိုက်တယ် :
"အဲဒါကဘာလေးတွေလဲ?အရမ်းချစ်စရာကောင်းတာပဲ"

လုယူရွှမ်လှည့်ကြည့်လိုက်တော့ လီလင်းလင်းက သူဝယ်ထားတာမကြာသေးတဲ့ building blockလေးကိုပြောနေမှန်းသိလိုက်တယ် :
"ဒါက Melody ကအရုပ်လေ၊ ပြီးတော့ ဒီအတွဲက နောက်ဆုံးထွက် star seriesပဲ!"

Melodyက နာမည်ကြီးအရုပ်ကုမ္ပဏီဖြစ်လေတယ်။ လီလင်းလင်း အဲကအရုပ်တွေ တစ်ခါမှမဝယ်ဖူးပေမယ့် နာမည်ကတော့ရင်းနှီးလေတယ်။

"အိုး၊ ဒါကအရမ်းချစ်စရာကောင်းတာပဲ၊ သူ့ရဲ့အဆက်တွေက လှုပ်လို့ရလား?"

"ရတယ်" လုယူရွှမ်က သူ့စာအုပ်ကိုချလိုက်ပြီး ဗီလိန်အရုပ်လေးကိုသွားယူလိုက်တယ်၊ ပြီးတော့ နည်းနည်းပါးပါးကလိပေးလိုက်တယ် :
"ကြည့်!"

"ဝါး၊ အရမ်းမိုက်တာပဲ!" လီလင်းလင်းက ကြမ်းပြင်ပေါ်ချထားတဲ့ လူအရုပ်လေးကိုထိလိုက်ပြီး :
"ဒါဘယ်လောက်နဲ့ဝယ်ထားတာလဲ?"

"Seriesတစ်ခုနဲ့တစ်ခုက ဈေးမတူဘူး၊ ဒါပေမယ့် တစ်ဆက်လုံးဝယ်ဖို့ဆိုရင် ပုံမှန် ဒေါ်လာထောင်ချီကုန်တယ်၊ ကျွန်တော်က ဒါကို ကျွန်တော့မုန့်ဖိုးစုပြီးဝယ်ထားတာ၊ ပြီးတော့ ဒီအတွဲထဲက မဝယ်ရသေးတဲ့ဟာတွေအများကြီးရှိသေးတယ်" လုယူရွှမ်က building blockအရုပ်လေးကို နေရာမှာပြန်ထားလိုက်တယ် :
"ဒါပေမယ့် ဈေးအကြီးဆုံးတွေက အရင်တုန်းကထုတ်ခဲ့တဲ့ဟာတွေ။ကျွန်တော်ကြားဖူးတာ အကောင်းဆုံးseriesဆိုရင် ဒေါ်လာသန်းချီတောင်ရှိတယ်တဲ့"

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now