Chapter - 16

1.7K 282 3
                                    

ဝတ္ထုနာမည်ပြောင်းထားပါတယ်နော်(◠‿・)-☆

Unicode

ကြည့်ရတာ ပြဲသွားတဲ့နေရာက အရာမကျန်ဘဲ ပြန်ပြင်ဖို့မဖြစ်နိုင်လေဘူး၊ ချန်ရှီက ဘယ်လောက်ပဲကျွမ်းကျင်နေပါစေပေါ့။ဝတ်စုံမှာ အကွက်ကြီးမကျန်ခဲ့စေဖို့အတွက် သူမဟာ ဒီဇိုင်းအချို့ကို အထူးထည့်ခဲ့တယ်။ပန်းထိုးထားတဲ့ပိတ်စတွေနဲ့ ချည်ထုံးလေးတွေကို သုံးကာ ပြဲသွားတဲ့နေရာတွေကို ပြင်လိုက်တယ်။

"Oh my god! နင်ကိုယ်တိုင် ထိုးထားတာလား!?" လီလင်းလင်းဟာ ဝတ်စုံပေါ်က ပန်းထိုးထားတဲ့နေရာကိုကြည့်လိုက်ပြီး မှတ်ချက်ပြုလိုက်တယ်:
"ရှီရှီ၊ နင်ကအရမ်းတော်တာပဲ!"

ဒီပန်းထိုးထားတဲ့အစဟာ ဝတ်စုံကို ကောင်းကောင်းချုပ်ထားရုံမျှမက ချုပ်ရိုးပုံစံဟာလည်း အရမ်းသိမ်မွေ့ပြီး နူးညံ့လေတယ်။ ဝတ်စုံပေါ်မှာ အသေးစိတ်ကျတဲ့အရာတွေကို ထပ်ထည့်ထားတာမပြောနဲ့ဦး ဝတ်စုံပေါ်မှာ ကွက်ရာ တစ်ခုမှမရှိလေဘူး။

"ငါဒီဝတ်စုံကို ကြိုက်တယ်" လီလင်းလင်းဟာ ဝတ်စုံကို သူနဲ့ကိုက်မကိုက် စမ်းကြည့်ပြီး ခရီးဆောင်အိတ်ထဲကို ဂရုတစိုက်ထည့်လိုက်တယ်:
"ငါကျောင်းကို rehearsalအတွက်ပြန်သွားရဦးမယ်၊ ငါနင့်ကို ဖျော်‌ဖြေပွဲပြီးသွားရင် ညစာဝယ်ကျွေးမယ်!!"

"Okay, ငါတို့နောက်ဆုံးတစ်ခေါက်က သွားခဲ့တဲ့ Hot Pot ဆိုင်သွားရအောင်!!"

"ကောင်းပြီ၊ ဝူဟွေအာကို မပြောနဲ့နော်၊ ငါတို့၂ယောက်ပဲ တိတ်တိတ်လေးသွားကြမယ်" ဝူဟွေက သူမကို နေ့တိုင်း dietလုပ်ဖို့ပဲ ပြောနေတာ၊ အဲဒီတော့ hot potသွားစားဖို့ ခေါ်လို့မဖြစ်ဘူး။

Drama Clubကိုပြန်ရောက်တော့ လီလင်းလင်းဟာ ပြင်ထားတဲ့ဝတ်စုံကိုအားလုံးအားပြလိုက်ပြီး မိတ်ကပ်ပြင်ဖို့နဲ့အဝတ်လဲဖို့အတွက်သွားကြတယ်။သူမဆံပင်ပြင်ပြီးတဲ့အချိန်မှာ ဘုရင်မနေရာမှာပါဝင်မယ့် နင်လဲ့ဟာလည်း အဲ့မှာရှိနေခဲ့တယ်။သူမ(နင်လဲ့) က သူမဝတ်စုံကို လဲဝတ်ထားပြီး လင်းလင်းဘေးနားက ခုံမှာ မိတ်ကပ်ပြင်နေတယ်။

လီလင်းလင်းဟာ သူမကို တစ်ချက်လောက်ကြည့်လိုက်ပြီး မေးလိုက်တယ်:
"နင်လဲ့ အရင်တစ်ခေါက်တုန်းက rehearsalမှာ နင်ဘယ်သွားနေတာလဲ?"

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now