Chapter - 60

347 24 2
                                    

Unicode

လီလင်းလင်းအိမ်ပြန်ရောက်တဲ့ချိန် ချန်ရှီနဲ့ ဝူဟွေကတော့ ဧည့်ခန်းထဲကဆိုဖာပေါ်မှာ လှဲရင်း တီဗီကြည့်နေကြတယ်။ သူမ အရုပ်တပုံကြီးပွေ့ပြီးဝင်လာတာတွေ့တော့ နှစ်ယောက်သားစိတ်လှုပ်ရှားစွာနဲ့ သူမကိုဝန်းရံလိုက်ကြတယ်။

"လင်းလင်း နင်ဘာလို့အဲလောက်အရုပ်တွေအများကြီးဝယ်လာတာလဲ?"

လီလင်းလင်းက အရုပ်တွေကိုပွေ့ထားရင်းပြောလိုက်တယ်။
"ငါဝယ်လာတာမဟုတ်ဘူး။ ကိုကိုယိရန်က ငါ့ကိုကူပြီးအရုပ်ကောက်ပေးတာ"

"အာ?" ချန်ရှီက ခဏလောက်ကြောင်သွားပြီးမှ..
"နင် ဒီနေ့ ယိရန်နဲ့အပြင်ထွက်ပြန်ပြီလား? သူက ဘာလို့ငါ့ကိုမခေါ်ရတာလဲ?"

သူမက သူ့အချစ်ဆုံးညီမလေးဟုတ်မနေဘူးဘဲ!

လီလင်းလင်းကပြောလိုက်တယ်
"မဟုတ်ပါဘူး၊ ငါတို့မမျှော်လင့်ဘဲတွေ့ခဲ့တာ"

သူမက အခန်းထဲဝင်သွားပြီး အရုပ်တွေကို အိပ်ရာဘေးက ကော်ဇောပေါ်မှာချလိုက်တယ်။ ချန်ရှီနဲ့ဝူဟွေလည်း သူမနဲ့အတူ လိုက်ဝင်လာကြပြီး တစ်ယောက်က အရုပ်တစ်ခုကိုကောက်ကိုင်ကာပြောလိုက်တယ်၊
"ငါတို့က နင့်ကိုမြင်သွားပြီဆိုမှတော့ နင်ငါတို့ကိုခွဲပေးရမယ်။ နင့်ဆီမှာ အရုပ်တွေအများကြီးရှိတော့ ငါတို့တစ်ယောက်တစ်ခုယူလိုက်မယ်"

"မရဘူး မရဘူး!" လီလင်းလင်းက သူတို့လက်ထဲကအရုပ်တွေပြန်ဆွဲယူလိုက်တယ်။
"ဒါက ငါ့ကိုကိုယိရန် ငါ့ကိုပေးထားတဲ့ဟာတွေ။ ငါပဲသိမ်းထားမှာ!"

"...." ချန်ရှီက နောက်တစ်ခုကိုတိတ်တိတ်လေးထပ်ကောက်လိုက်တယ်၊ ပြီးတော့ လီလင်းလင်းက ပြန်‌ဆွဲလုလိုက်လေတယ်။

"ဟာ့!" ချန်ရှီက ဝူဟွေကိုဆွဲထူလိုက်ပြီး အပြင်ထွက်တော့တယ်၊
"ဝူဟွေ သွားကြစို့၊ ငါတို့ဘာသာငါတို့သွားကောက်ကြမယ်! လင်းလင်းကိုမပေးဘူး!!"

သူတို့ထွက်သွားတာကိုတွေ့တော့ လီလင်းလင်းက အမြန်ပြေးသွားပြီး တံခါးကိုပိတ်ကာ သော့ခတ်လိုက်တယ်။ အိပ်ရာဆီပြန်လာပြီး ပျော်ရွှင်စွာသီချင်းညည်းရင်း အရုပ်တွေကို တစ်ခုပြီးတစ်ခု ဗီရိုပေါ် စီကာ တင်လိုက်လေတယ်။ အမွှေးပွလေးကိုတော့ သူမရဲ့ခေါင်းအုံးဘေးမှာချထားပြီး သူမနဲ့အတူအိပ်စေတယ်။

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now