Chapter - 6

2.1K 347 1
                                    

Zawgyi

လီလင်းလင်းဟာ လက်ထဲမှာ မိုက်ကိုင်ထားပြီး Cameraရဲ့ flashမီးက သူမမျက်စိရှေ့မှာ တဖျတ်ဖျတ် တောက်ပနေကြတယ်။သူမဟာ မေးခွန်းမေးတဲ့ သတင်းထောက်အား နာကျင်စရာအတိတ်ကို ပြန်လည်သတိရသွားသဖွယ်ကြည့်လိုက်တယ်။Companyကိုပြောလိုက်တယ် :"ရှင်တို့မသိပါဘူး, ဝူဟွေအာ, ငါဒီနေ့မထွက်လာခင် နှမ်းချိုချဉ်တစ်လုံးနဲ့ ဘီစကစ် သေးသေးလေး၂ခုပဲစားခဲ့တာ။ရေ၂ငုံလောက်ပဲသောက်ရသေးတယ် သူမ(ဝူဟွေ)ကဘေးကနေဆက်တိုက်အော်နေတာက,"နင်ထပ်စားလို့မရတော့ဘူး နင်အများကြီးစားလိုက်ပြီ!"တဲ့ ဒါပေမယ့် သူက ကြက်ကြော်စားနေတာ အဲလိုဆို သူ၂ခုစားရပြီလေ!"

နေရာမှာရှိနေကြတဲ့ သတင်းမီဒီယာတွေကတော့ ပြန်ပြီးရယ်မိကြတယ် ပြီးတော့ ကားထဲမှာရှိတဲ့ ချန်ယီရန်တောင် နှုတ်ခမ်းထောင့်လေးကွေးသွားတော့တယ်။

လီလင်းလင်းရဲ့ interview videoကိုကြည့်ပြီး ဖူအိုတောင် ဝူဟွေကိုအပြစ်တင်လေတော့တယ်:"ဒီအေးဂျင့်ကို တကယ်အလုပ်ဖြုတ်သင့်တယ်။ ကလေးကို ဒီလိုအငတ်ထားရတယ်လို့"

ချန်ယီရန်ဟာ သူ့(ဖူအို)ရဲ့ မှတ်ချက်ကို လျစ်လျူရှုလိုက်ပြီး အစီရင်ခံစာကိုသာ ပြန်လည်ကြည့်နေလိုက်တယ်။

သူ့ဘေးမှာရှိတဲ့ ဖူအိုကတော့ နားမလည်နိုင်တော့ဘူး။အစီရင်ခံစာက အရမ်းကြည့်ကောင်းနေတာလား?ဒါကပါတီက စွဲမက်ဖွယ်ကောင်းတဲ့ အမျိုးသမီးအနုပညာရှင်တွေထက် ပိုကြည့်ကောင်းနေတာလား?

Charity partyတွင် လင်းလင်းဟာ သတင်းမီဒီယာတွေရဲ့ interviewပြီးတာနဲ့ Red Carpetပေါ် လျှောက်လှမ်းသွားတယ်။ လီလင်းလင်း ဝတ်စုံပေါ်မှာရှိတဲ့ သလင်းကျောက်လေးတွေဟာ မီးရောင်အောက်မှာ ပိုပြီးတောက်ပနေပြီး မျက်စိကျိန်းစရာကောင်းလှတယ်။ဓာတ်ပုံဆရာတွေဟာလည်း ဒီအခိုက်အတန့်လေးကို လက်လွှတ်သွားမည်စိုးသည့်အလား မနာတမ်းရိုက်နေပြန်တော့တယ်။ဝူဟွေဟာလည်း လီလင်းလင်းရဲ့ပုံတွေကို တင်ဖို့အတွက်နဲ့ Editလုပ်ဖို့အတွက် photography teamကို ဖိတ်ကြားခံရတယ်။

လူအများရဲ့ အာရုံကို သိမ်းပိုက်လိုက်ပြီးနောက် လီလင်းလင်းဟာ အခမ်းအနားမှူးရဲ့ဦးဆောင်မှုနောက်လိုက်ကာ နေရာမှာဝင်ထိုင်လိုက်တယ်။တင်းတင်းကျပ်ကျပ်ပြောရမယ်ဆိုရင် သူမဟာနာမည်ကျော်အမျိုးအသမီးသရုပ်ဆောင်လည်းမဟုတ် အနုပညာလောကတစ်ခုတည်းကိုပဲပြောရင်တောင် အရည်အသွေးပြည့်နေတာလဲမဟုတ်, ဒါပေမယ့် သူမအဖေရဲ့အောင်မြင်မှုအရောင်အဝါအောက်မှာ ပွဲစီစဉ်သူတွေဟာ သူမကို ရှေ့တန်းခုံရဲ့အလယ်တည့်တည့်မှာ နေရာပေးခဲ့တယ်။

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now