Chapter - 35

1.6K 234 0
                                    

Unicode

လီလင်းလင်းက ဒီနေ့အလုပ်စောစောပြီးလို့ အိမ်မှာ ABA TVလိုင်းကိုဖွင့်လိုက်ပြီး 'Fatal Heartbeat'ကြည့်ဖို့လုပ်လိုက်တယ်။ ဒါက သူမ ပထမဆုံး 'ဓာတ်လိုက်သလို' ဖြစ်သွားတယ်၊ သူမကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်လမ်းကို TVမှာပြန်ကြည့်ရတော့ အရမ်းကို အံ့အားသင့်ဖွယ်ကောင်းလေတယ်။

Onlineထုတ်လွှင့်မှုက TVထက် ၁နာရီနောက်ကျလေတယ်။ TVထဲမှာကြည့်ပြီးသွားတော့ လီလင်းလင်းက online versionကိုဖွင့်ပြီး နောက်တစ်ခေါက်ထပ်ကြည့်လေတယ်။

ဇာတ်လမ်းလွှင့်တာမကြာသေးပေမယ့် ကျော်ကြားမှုကတော့ ပထမနေရာရောက်နေပြီဖြစ်ပြီး ကြည့်ရှုနှုန်းကလည်း အထင်ကြီးစရာအရမ်းကောင်းလေတယ်။

"ငါကလေးတုန်းက စာအုပ်ဖတ်တော့ဘာမှမခံစားခဲ့ရဘူး၊ ဒါပေမယ့် အခုမှရုတ်တရက်တွေ့ရှိလိုက်ရတာက ဇာတ်လိုက်မင်းသမီးက ငါတို့‌ခဲအို(ဇာတ်လိုက်)နဲ့စေ့စပ်လိုက်တာလား?"

"ဇာတ်လိုက်မင်းသားက ငါတို့ခဲအိုလို့သတ်မှတ်လို့မရဘူး၊ သူကအိုကျားရှုနဲ့ စေ့စပ်ထားရုံလေးပဲလေ၊ ဒါပေမယ့် ဒီဇာတ်လမ်းက လက်ထပ်ဖို့သဘောမတူလို့ဆန့်ကျင်တဲ့ကားမဟုတ်ဘူးလား?"

"ကြည့်ရှုသူက အရမ်းရယ်ရတာပဲ၊ တစ်ယောက်က စေ့‌စပ်ထားပြီးရင် ခဲလိုလို့မခေါ်ရဘူးလား? ဒါဆိုဘယ်လိုခေါ်မလဲ?"

"ကျောက်ရုန်ရုန် အဲချိန်တုန်းက အိုကျားရှုက သူ့အစ်မဆိုတာမသိသေးဘူး၊ ဟုတ်တယ်မလား? ဒါက သူ့ခဲအိုကို အလစ်သုတ်သလိုတော့မဟုတ်ဘူးမလား?"

"မဆေးကြောလိုက်နဲ့၊ ကျောက်ရုန်ရုန်က အစကတည်းကနေ သူကအိုမိသားစုကလို့ သံသယဖြစ်နေတာ၊ မဟုတ်ရင် ရှောင်ယိရန်ကို အိုမိသားစုအကြောင်းဘာလို့စုံစမ်းခိုင်းမှာတဲ့လဲ?"

"ကျောက်ရုန်ရုန်က တကယ်ကြီး အစကတည်းက သိနေခဲ့တာပဲ"

"ကိုယ့် ခဲအိုကို ပြန်ခိုးတဲ့ ဒီဇာတ်လမ်းရဲ့တန်ဖိုးက ဘာပါလိမ့်?"

"အိုကျားရှု စိတ်ပင်ပန်းနေတော့မှာပဲ"

လီလင်းလင်း :"..."

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now