Chapter - 23

1.9K 286 0
                                    

Part-1

Unicode

လီလင်းလင်းဟာ သူမရဲ့ မိတ်ကပ်ရိုက်ကူးရေးက ဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့မထင်ခဲ့ဘူး၊ ပြီးတော့ ဒီလိုနာမည်ကြီးသွားမယ်လို့မထင်ထားခဲ့ဘူး။

ဒါပေမယ့်လည်း ဒီကိစ္စဟာ ဒီမှာတင် ရပ်မသွားဘူး။ hot searchဟာ မြင့်သထက်မြင့်လာပြီး၊
"လီလင်းလင်းရဲ့ Ogaxuပုံစံကို မင်းတို့ဘယ်လိုမြင်ကြလဲ?" ဆိုတဲ့ postတစ်ခုတောင်တက်လာသေးတယ်။

"ရှဲ့ကျောင်း၊ အတွင်းလူတစ်ယောက်အနေနဲ့၊ ငါကတော့ လီလင်းလင်းက Imperial Universityရဲ့ အတော်ဆုံးကျောင်းသားဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်လို့ပဲပြောနိုင်တယ်၊ ပြီးတော့ သူ့ရဲ့အမြင်က တခြားသရုပ်ဆောင်တွေထက်ပိုမြင့်တယ်။

တကယ်လို့ သူမသာ အမျိုးသမီးဇာတ်လိုက် ကျောက်ရုန်ရုန်နေရာသာရွေးလိုက်ရင် သူ့ဟာသူပိတ်မိသွားမှာပဲ။ဒီဇာတ်ကောင်က ယာယီအောင်မြင်မှုတော့ပေးနိုင်ကောင်းပေးနိုင်လိမ့်မယ် ဒါပေမယ့် အနာဂတ်မှာ သူမတခြားဇာတ်ကောင်တွေရွေးတဲ့ချိန် အကန့်အသတ်ဖြစ်သွားလိမ့်မယ် ၊ဘာဖြစ်လို့လဲဆိုတော့ ဒါရိုက်တာက သူမဟာ ဖြူစင်ပြီး လှပတဲ့မိန်းကလေးတစ်ယောက်အနေနဲ့ပဲစဉ်းစားဝောာ့မှာဖြစ်လို့ပဲ။ လက်တွေ့ကျဖို့အတွက်၊ ဘဝဇာတ်ကြောင်းအတွက် ပြီးတော့ အလေးအနက်ထားရမယ့် ကိစ္စတွေအတွက်ဆိုရင် producerက သူမကို ယုံကြည်ဖို့ခက်ခဲသွားနိုင်တယ်။

တကယ်လို့ Huanyu ပြန်လည်ဆန်းသစ်ရိုက်ကူးတဲ့ ဇာတ်လမ်းက ပုံမှန်အဆင့်မှာထိန်းထားနိုင်မယ်ဆိုရင် ပြီးတော့ လီလင်းလင်းရဲ့သရုပ်ဆောင်ချက်တွေကလည်း သူ့ရဲ့ဟန်ပန်ကိုမပျက်မစီးစေဘူးဆိုရင် ဒါက သူမရဲ့ဘဝအတွက်အကျိုးကျေးဇူးတွေယူလာနိုင်မယ့် ဆုံးဖြတ်ချက်ဖြစ်လာမှာပဲ"

လီလင်းလင်း "?"

ဘာ? ဘာတွေပြောနေတာလဲ?သူက ဒီတိုင်း ရိုးရိုးရှင်းရှင်းလေး သေချင်ရုံလေ၊ ဒါလေးက အဲလောက်တောင်အလေးအနက်လုပ်လိုက်တဲ့ အပြုအမူလို ထင်‌စေသွားတာလား??

"ဝူဟွေအာ ငါတို့ studioထဲမှာ ရေတပ်‌ထောင်တာလား?" လီလင်းလင်းဟာ ဝူဟွေကိုလှည့်ကြည့်လိုက်တယ်။

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now