Chapter - 64

321 24 2
                                    

Unicode

လီလင်းလင်းက sneaker လဲစီးပြီး မြက်ခင်းပြင်ဆီပြန်ပြေးလာခဲ့တယ်။

"ကိုကိုယိရန် သွားကြစို့" သူမက ချန်ယိရန်ကိုပြုံးပြလိုက်ပြီး အတူတူ စလျှောက်ကြတယ်။
"ကိုကို ဒီည ဒီမှာပဲအိပ်မှာလား?"

"အင်း၊ ကိုယ် ဟိုဘက်ခြမ်းမှာတည်းနေတယ်။ ဒီတောင်ပေါ်မှာ ဟိုတယ်တွေကို ပုံစံအမျိုးမျိုး ဆောက်လုပ်ပေးထားတယ်လေ"

"ညီမလေးသိတယ်၊ ရှောင်ရှီနဲ့ ရှောင်ရှောင်တောင် ညီမ‌လေးကိုအခန်းပုံရိုက်ပို့ပေးသေးတယ်၊ ပြီးတော့ သူတို့တည်းရတဲ့နေရာလည်း တော်တော်လေးကောင်းတဲ့ပုံပဲ"

"အဲဒါဘာ‌ကြောင့်လဲဆိုတော့ ကိုယ်တို့ ဒီတစ်ခေါက်ပရောဂျက်က နေထိုင်ရေးနဲ့ အစား‌အသောက်တွေကို ပိုအာရုံစိုက်ထားလို့ပဲ။ သဘာဝရှုခင်းတွေကလွဲရင် ယိုရှန်းတောင်က တခြားဘာမှလုပ်စရာမရှိဘူးလေ။ လူတွေလိုချင်တာက တောင်ပေါ်ရဲ့ ပတ်ဝန်းကျင်အနေအထားရယ် အဲပတ်ဝန်းကျင်အနေအထားနဲ့လိုက်ဖက်ညီမယ့် နေရာထိုင်ခင်းနဲ့အစားအသောက်တွေပဲ"

"ဒီ‌နေရာက ခဏခဏအပန်းဖြေလို့ကောင်းမယ့်နေရာတစ်ခုပဲ" လီလင်းလင်းက ဒီနေရာကိုအရမ်းသဘောကျနေလေတယ်။ တောင်ပေါ်မှာက မြို့ပြနဲ့မတူတဲ့ ဆိတ်ငြိမ်မှုမျိုးရှိပြီး စိတ်တင်းကြပ်နေမယ့်မြို့ပြနေထိုင်သူတစ်ယောက်အတွက်က‌တော့ တောင်ပေါ်မှာအချိန်ခဏလောက်ပဲလာ‌နေစေကာမူ အပန်းပြေစေလေတယ်။
"ဒီနေရာက မြို့ထဲနဲ့နည်းနည်းလှမ်းတယ်ဆိုပေမယ့် အဲလောက်ထိဝေးနေတာမျိုးလည်းမဟုတ်ဘူး။ ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မိသားစုနဲ့ပဲဖြစ်ဖြစ် ၂ရက်လောက်တောင်ပေါ်ကိုလာပြီး အပန်း‌ဖြေကြတာလည်းမဆိုးဘူး။ပြီးတော့ စာရေးဆရာတွေလို ဂီတပညာရှင်တွေလိုလူမျိုးတွေအတွက်လည်း အပန်းဖြေခရီးထွက်ဖို့အတွက် ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်သေးတယ်။ ဒီမှာတစ်လလောက်နေပြီး inspiration ယူတာလည်း ရွေးချယ်မှုကောင်းတစ်ခုပဲ!!"

"အင်း" ချန်ယိရန် ခေါင်းညိတ်ပြလိုက်ပြီး လီလင်းလင်းကိုပြောလိုက်တယ်၊
"ကိုယ်တို့ ပွဲတော်တွေအလိုက်လည်း အဲဒါနဲ့သက်ဆိုင်တဲ့ activity တွေလုပ်ဖို့စီစဉ်နေတယ်၊ အသေးစိတ်အစီအစဥ်ကတော့ ကိုယ်တို့ ထပ်ဆွေးနွေးရဦးမယ်ဆိုပေမယ့်ပေါ့"

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Tempat cerita menjadi hidup. Temukan sekarang