Chapter - 7

2.1K 348 0
                                    

Part-1

Unicode

လီလင်းလင်းဟာ အတန်းထဲမှာနာမည်အခေါ်ခံလိုက်ရတဲ့ကျောင်းသားလိုပဲ ခုံကိုတောင်တိုက်မိသွားပြီး မတ်တပ်ရပ်လိုက်တယ်:"အစ်ကိုယီရန်!"

လူစီယူဟာ သူ့ကိုတစ်လျှောက်လုံးကြည့်နေခဲ့ပြီး သူမမျက်နှာပေါ်က businessအပြုံးလေးက အနည်းငယ်တန့်သွားတယ်, ဒါပေမယ့် သူမဘေးမှာဆို ဘာအမူအယာမှမပြတတ်တဲ့ ချန်ယီရန်ဟာ အခုအချိန်မှာ အနည်းငယ်ပြုံးလိုက်ပြီး :"ငါမနေ့ကလေဆိပ်မှာမင်းကိုမတွေ့လိုက်ရဘူး၊ မင်းနဲ့ဒီမှာလာတွေ့မယ်လို့မထင်ထားဘူး"

လီလင်းလင်းဟာ ပျော်ရွှင်စွာနဲ့ပြောလိုက်တယ် :"ဒါသေချာပေါက် ကံစီမံရာပဲဖြစ်ရမယ်!"

လူစီယူရဲ့ မျက်ဝန်းဟာပြောင်းလဲသွားတော့တယ်။သူမလည်း မနေ့က Weiboမှာ လီလင်းလင်းရဲ့ hot searchကိုတွေ့ခဲ့တယ်။ မမျှော်လင့်ဘဲ မနေ့က လီလင်းလင်းလေဆိပ်ကိုသွားခဲ့တာဟာ ချန်ယီရန်ကိုသွားကြိုဖို့ဖြစ်နေတာကိုး။

Mr.Yuဟာ ဘေးကနေ လီလင်းလင်းနဲ့ချန်ယီရန်ကိုကြည့်နေပြီး မထင်ထားစွာမေးလိုက်တယ် :"အဲဒီတော့ Mrချန်က ညီမလင်းလင်းကိုသိတယ်ပေါ့?"

ချန်ယီရန်ဟာ သူ့ကိုတစ်ချက်လောက်ကြည့်လိုက်ပြီး ပြောလိုက်တယ် :"အိမ်ကညီမလေးက ဥက္ကဌYuကို အနှောက်အယှက်ပြုမိပါပြီ"

"ဘယ်မှာလဲ?" Mr.Yu ဟာ လီလင်းလင်းဘေးကနေ တုန့်ဆိုင်းခြင်းမရှိ လှစ်ခနဲ ရွှေ့သွားတယ် အဲဒါဟာ သူ့အိမ်ကညီမလေးကို တစ်ခုခုလုပ်ချင်တဲ့ရည်ရွယ်ချက်လုံးဝမရှိဘူးဆိုတာကိုပြသဖို့အတွက်ဖြစ်တယ်။(😆)

"အားလုံးပဲ ဒီမှာပဲရပ်နေကြတော့မလို့လား လာလာလာ ထိုင်ပြီးပြောရအောင်" လူစီယူဟာ အားလုံးကို ပြုံးပြလိုက်ပြီး သူမထိုင်ခုံမှာ နေရာယူကာအရင်ထိုင်လိုက်တယ်။

တခြားလူတွေလည်းနေရာမှာ ဝင်ထိုင်လိုက်ကြတယ်။ လူစီယူဟာ သူ့ဘေးမှာရှိတဲ့ လီလင်းလင်းကို တစ်ချက်ကြည့်လိုက်ပြီးတော့ အပြုံးလေးနဲ့မေးလိုက်တယ်:"ညီမလင်းလင်းက ဒီည အတော်လှတဲ့ dressကိုဝတ်ထားတာပဲ ဒါပေမယ့် ဒါကနာမည်ကြီးတံဆိပ်နဲ့မတူဘူးနော်?"

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now