Chapter - 2

3.9K 476 3
                                    

Zawgyi

"ရှင် ဇီဖုန်းနဲ့ လျှောက်သွားနေတဲ့အချိန်မှာကော ဒီလိုပဲ စဉ်းစားခဲ့တာလား?"သူမဟာ ကိုတာရဲ့ ဒီစကားလုံးတွေနဲ့ ပြန်ပက်လိုက်တယ်။

(T/N ကောင်းထိုင်နဲ့ ကိုတာက တစ်ယောက်တည်းပါ သူက နာမည်၂မျိုး ၃မျိုးလောက်နဲ့ရေးထားလို့ ╥﹏╥)

ကိုတာဟာ သူမရဲ့ပါးစပ်ကိုဟကာ သူမကိုကြည့်ပြီးပြောလိုက်တယ်:"အိုး ကောင်မလေး,မင်းရဲ့ပါးစပ်က သိပ် အားကောင်းတာပဲ။နင်က သခင်မ(အငယ်)ဖြစ်ရတာ တော်တော်ဂုဏ်ယူနေမှာပဲ ဟုတ်တယ်မလား?ငါနင့်ကိုပြောမယ်, နင်နဲ့ ဇီဖုန်းက ပိုက်ဆံကို စားဖို့ သောက်ဖို့ ပျော်ဖို့ပဲသုံးနေကြတာ။ ဟုတ်တယ်, ငါက ငါ့အမေအိုရဲ့ ပိုက်ဆံတွေကို အချစ်အတွက်သုံးခဲ့တယ် ပြီးတော့ ငါ့က နင့်ကိုဘယ်လိုဆွဲခွာမလဲဆိုတာ စောင့်ကြည့်နေလိုက်!"

ခဏတာ အနားယူချိန် ပြီးတာနဲ့ လင်းယုန်က ကြက်ကိုဖမ်းတယ်ဆိုတဲ့ ဇာတ်လမ်းဟာ တဖန်ပြန်လည် စတင်လာခဲ့တယ်။လီလင်းလင်း ပုန်းနေရင်းနဲ့ အော်ပြောလိုက်တယ်:"အန်တီရေ, ကျွန်မပြောပြီးပြီလေ, ဘာလို့ လူစကားနားမလည်ရတာလဲ?ကျွန်မက ကျီဇီဖုန်းရဲ့ ရည်းစားမဟုတ်ဘူး!သူ့ရဲ့ ရည်းစားက ရှန်ကျဲ။ Drama Club မှာ ငါတို့အကုန် အဲအကြောင်း သိတယ်!"

ကောင်းထိုင်ဟာ နောက်ဆုံးတော့ ရောက်ရှိလာပုံပေါ်ပြီး စင်ပေါ်မှာ ရပ်လိုက်တယ် "ရှန်ကျဲ? ဘာလို့လဲ, နင်မဟုတ်ရင် ဒီDrama Club မှာ အလှဆုံးက ဘယ်သူရှိသေးလို့လဲ?"

သူမဟာ လီလင်းလင်းက လိမ်ပြောနေသလားဆိုတာ အကဲခတ်ဖို့ သူမကို ကြည့်လိုက်တယ်။

သူမဟာ ဒီထဲကိုဝင်ဝင်လာချင်းမှာပဲ ဒီကောင်မလေးကို သတိပြုမိလိုက်တယ်။သူမက သွားဖြူဖြူလေးတွေပါတဲ့ နှုတ်ခမ်းတစ်စုံနဲ့ လှနေတယ်။ ဒီလို Snow White အသွင်အပြင်နဲ့ဆို သူမဟာ နတ်သမီးပုံပြင်ထဲက မင်းသမီးလေးနဲ့တူနေတယ်။

လီလင်းလင်းဟာ သူမရဲ့ လှပတဲ့ဆံနွယ်ကောက်လေးတွေကို သပ်လိုက်ကာ ချောင်းအသာဟန့်ပြီး ဟန်ဆောင်ပြောလိုက်တယ်:"
ကျွန်မဒီကိစ္စကို ငြင်းဆန်စရာမရှိပါဘူး ဒါပေမယ့် ရှင့်ကို ဒီအကြောင်းပြောပြတဲ့သူက ရှင့်ရဲ့ဗီဇ(အကျင့်ကိုပြောချင်တာထင်တယ်)နဲ့ မကိုက်တာ သိတာနေတာပဲ"

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now