Chapter - 21

1.7K 279 3
                                    

Unicode

Part-1

အခန်းဟာ လုံးဝတိတ်ဆိတ်သွားတယ်၊ အဲနောက်မှ လီလင်းလင်းဟာ ချန်ယီရန်ရဲ့ဖုန်းကို အားလုံးရဲ့အကြည့်အောက်မှာ ကိုင်လိုက်တယ် :
"အစ်ကိုယီရန်?"

"အင်း" ချန်ယီရန်ရဲ့အသံဟာ တစ်ဖက်ကနေထွက်လာတယ် :
"လင်းလင်း အိပ်‌နေပြီလား?"

"မအိပ်သေးဘူး"လီလင်းလင်းဟာ တစ်ခုခုသတိထားမိသွားမှာစိုးလို့ အသက်တောင်မရှူရဲလေဘူး :
"အစ်ကိုယီရန်က ကိစ္စတစ်ခုခုရှိလို့လား?"

"မရှိပါဘူး၊ ကိုယ်မင်းကို ၁၂နာရီမထိုးခင် Happy birthday ပြောချင်လို့ပါ"

"အိုး...."လီလင်းလင်းဟာ ရိုးရိုးလေးပြုံးလိုက်ပြီး :
"ကျေးဇူးတင်ပါတယ် အစ်ကိုယီရန်"

ချန်ယီရန်ဟာ ခပ်တိုးတိုးရယ်လိုက်ပြီး သူမကိုပြောလိုက်တယ် :
"ကောင်းပြီ၊ တခြားဘာမှလုပ်စရာမရှိတော့ဘူးဆိုရင် စောစောအိပ်ယာဝင်တော့။ နောက်ကျထိနေတာက မင်းရဲ့ကျန်းမာရေးအတွက်မကောင်းဘူး"

"ဟုတ်ကဲ့၊ အစ်ကိုလည်း စောစောအနားယူဦးနော်"

"ကောင်းပြီ"

လီလင်းလင်းက ဖုန်းချလိုက်တော့မယ့်အချိန်မှာပဲ ဝူဟွေဟာ ရုတ်တရက်ကြီး နှာချေလိုက်တယ်၊ အဲဒါက ဒီလိုတိတ်ဆိတ်နေတဲ့အခန်းထဲမှာ ပိုသိသာနေလေတယ်။

ဝူဟွေဟာ သူမပါးစပ်ကိုကြမ်းတမ်းစွာပိတ်လိုက်ပြီး နှလုံးခုန်မြန်နေတယ်၊ လီလင်းလင်းက ဖုန်းကိုကိုင်ထားရင်းနဲ့ တစ်ဖက်က ချန်ယီရန်ရဲ့အမေးစကားကိုကြားလိုက်တယ် :
"မင်း ဘယ်သူနဲ့ရှိနေတာလဲ?"

"....အဲဒါ ဝူဟွေအာပါ" လီလင်းလင်းရဲ့မျက်နှာဟာ ထိတ်လန့်မှုကြောင့် ဖျော့တော့နေပြီဖြစ်တယ် :
"ရှီရှီနဲ့သူက ညီမမွေးနေ့အတွက်လာကြတာသိတယ်မလား? ညီမတို့အတူရှိနေကြတာလေ"

"အင်း" ချန်ယီရန်ဟာ သူမ(ဝူဟွေ)အဲမှာရှိနေတာကို သံသယမဖြစ်လေဘူး။ ကောင်မလေးသုံးယောက်က အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိကြတယ်လေ။သူတို့ပင်ပန်းသွားလို့ အတူတူအိပ်ကြတာ အံ့ဩစရာတော့မရှိပါဘူး။

"ဟုတ်" လီလင်းလင်းမေးလိုက်တယ် :
"တခြား‌ပြောစရာရှိသေးလား?"

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now