Chapter - 49

1.4K 241 2
                                    

Unicode

လီလင်းလင်းအိမ်ပြန်လာတော့ ဝူဟွေက ခေါက်ဆွဲမချက်စားဘဲ အကင်တွေအများကြီးနဲ့ဘီယာ၂ပုလင်းမှာထားတာတွေ့လိုက်ရတယ်!

"ဝူဟွေအာ၊ နင်တစ်ယောက်တည်းပဲစားနေပြန်ပြီ!!" လီလင်းလင်းရှေ့တက်လာပြီး အကင်တစ်ချောင်းယူကာ ဝူဟွေမတုန့်ပြန်နိုင်ခင် အခန်းထဲပြေးဝင်ဖို့လုပ်လိုက်တယ်။ မမျှော်လင့်ထားစွာဘဲ ဝူဟွေရဲ့တုန့်ပြန်မှုကအရမ်းမြန်လေတယ်၊ သူက လီလင်းလင်းရဲ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်ပြီး သူမကိုအပြုံးလေးနဲ့ကြည့်လိုက်တယ် :
"တကယ်လို့နင်တစ်ယောက်တည်းစားချင်တယ်ဆို ဘယ်သူကနင်နဲ့ယှဉ်နိုင်မှာလဲ။ ဒီတစ်လထဲမှာပဲကြည့်ကြည့် နင်နဲ့ Mr.ချန်ပဲ အပြင်ထွက်စားတာဘယ်နှခေါက်ရှိနေပြီလဲ?ဒါတောင်မစားရသေးဘူးတဲ့လား?"

"ဘာမှ ဘာနှခေါက်မရှိဘူး" လီလင်းလင်းက သူ့လက်ထဲက အကင်ချောင်းကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး အားစိုက်ကာရုန်းနေတယ်။ ဝူဟွေလည်း သူမနဲ့အကြံအတူတူပင်ဖြစ်ပြီး သူမကိုလွှတ်ပေးဖို့အစီအစဉ်မရှိဘူး၊ အဲဒါကြောင့် လီလင်းလင်းကို အတင်းဆုပ်ကိုင်ထားပြီး လုံးဝမလွှတ်ပေးလေဘူး။

လီလင်းလင်းသူမကိုစိုက်ကြည့်လိုက်တယ်၊ ခဏလောက်ကြည့်နေပြီး နောက် ရုတ်တရက်ခေါင်းငုံ့လိုက်ကာ အဲအနေအထားနဲ့ပဲ အကင်ကို အားရပါးရကိုက်စားလိုက်တော့တယ်။

ဝူဟွေ :"......???"

ဒီလိုနည်းလမ်းမျိုးလည်းရှိသေးတာပဲ။

"ဟွန့်!" လီလင်းလင်းကပါးစပ်ထဲအကင်အပြည့်နဲ့ ဝူဟွေကို နှာမှုတ်ပြလိုက်တယ်၊ ပြီးတာနဲ့ အကင်ချောင်းကိုလွှတ်ချပြီး အခန်းထဲပြေးဝင်သွားလိုက်တယ်။

အခန်းသော့လည်းခတ်လိုက်တာပေါ့ကွယ်။

ဝူဟွေ :"..."

သူကိုက ဂရုမစိုက်မိလိုက်တာပါ။ :)

တစ်ဖက်အိမ်က လု‌ရိုကျောင်းနဲ့ကျန်တဲ့၂ယောက်ကတော့ ညသန်းခေါင်အလုပ်မပြီးသေးခင် ပြန်မလာဘူး။ လုယူရွှမ်ကတော့အိပ်ပျော်သွားပြီဖြစ်တယ်၊ လူသုံးယောက်အိမ်ပြန်လာတော့ တိတ်တိတ်ဆိတ်ဆိတ်ပင်လှုပ်ရှားကြလေတယ်။ လုယူရွှမ်က ပုံမှန်ဆိုကျောင်းဆောင်မှာအနေများပြီး စနေ တနင်္ဂနွေ၊ ဆောင်းရာသီကျောင်းပိတ်ရက်နဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှသာ အိမ်ပြန်လာလေ့ရှိလေတယ်။

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now