Chapter - 26

1.7K 276 5
                                    

Unicode

ရပ်ကွက်ထဲမှာ လမ်းမီးတွေပဲရှိနေတယ်၊ လိမ္မော်‌ရောင်လမ်းမီးဟာ ခေါင်းအထက်ကနေကျဆင်းနေပြီး ချန်ယီရန်ရဲ့ဆံပင်နဲ့မျက်တောင်မွေးတွေကို မီးမှိန်မှိန်အောက်မှာတွေ့နေရတယ်။ ချန်ယီရန်ရဲ့ အချိုးကျတဲ့မျက်နှာပုံဟာ အခုချိန်မှာ ခါတိုင်းလို ချဉ်းကပ်ရခက်မယ့်ပုံမပေါ်လေဘူး။

"ရပါတယ်" ချန်ယီရန်ရဲ့အလျင်မလိုတဲ့ခြေလှမ်းတွေဟာ တိတ်ဆိတ်နေတဲ့ညချမ်းချိန်မှာ ရှင်းလင်းစွာကြားနေရတယ် :
"ရှီရှီပြောတာ မင်းရိုက်ကူးရေးအဖွဲ့ထဲဝင်ရတော့မယ်ဆို?"

"အွန်း" လီလင်းလင်းခေါင်းညိတ်လိုက်တယ် :
"ဇန်နဝါရီလ အစောပိုင်းမှာ စရိုက်တော့မှာ၊ ဒါပေမယ့် ရိုက်ကူးရေးနေရာအများစုက Aမြို့မှာပဲ"

ချန်ယီရန်က သေချာစဉ်းစားပြီးခေါင်းညိတ်လိုက်တယ်:
"မင်းရဲ့ studioက လူရှာပြီးပြီလား?"

"မရှာရသေးဘူး"

"ဒါဆို ကိုယ်မင်းအတွက် လက်ထောက်၂ယောက်ရှာပေးလိုက်မယ်။ မင်းကအခုရိုက်ကူးရေးအဖွဲ့နဲ့ စရိုက်ရတော့မှာဆိုတော့ မင်းကိုဂရုစိုက်မယ့်လူ မရှိလောက်ဘူး"

"ဘာမှမဖြစ်ဘူး၊ ရပါတယ်၊ ဝူဟွေအာက ညီမလေးနဲ့လိုက်မှာပါ"

"အဲဒီကောင်မလေးပဲလား?" ချန်ယီရန်က ဝူဟွေအလုပ်လုပ်တာကို မယုံသင်္ကာဖြစ်တာအသိသာကြီးဖြစ်တယ် :
"မင်းတို့၂ယောက်က ဘာအတွေ့အကြုံမှမရှိသေးဘူး။ ကိုယ်မင်းအတွက် အတွေ့အကြုံကောင်းကောင်းရှိတဲ့ လက်ထောက်၂ယောက်ရှာ‌ပေးမယ်"

လီလင်းလင်းက ခဏလောက်စဉ်းစားကြည့်လိုက်တယ်၊ ဝူဟွေကိုလည်းမပြောင်းဘဲ လက်ထောက်၂ယောက်ပဲထပ်ထည့်ပေးမှာဆိုတော့ သူလက်ခံလိုက်လည်းအဆင်ပြေမှာပါ။ပြီးတော့ သူ့ကိုရှာပေးမယ့်သူကလည်း ကိုကိုယီရန်ဆိုတော့ ပိုပြီးလည်းစိတ်ချရတယ်။

"ကောင်းပြီလေ၊ ဒါဆိုရင်တော့ ကိုကို့ကိုပဲ ဒုက္ခပေးရတော့မယ်"

နှစ်ယောက်သားဟာ စကားတပြောပြောနဲ့ storeဆိုင်ကိုရောက်လာခဲ့တယ်။ ချန်ယီရန်က ချန်ရှီအတွက် ကိုလာဘူး‌တွေယူလိုက်ပြီး သူမရဲ့အကြိုက်ဆုံး သရေစာတွေကိုလည်းထည့်လိုက်တယ်၊ နောက်တော့လီလင်းလင်းဆီကို ခြင်းသယ်ပြီးရောက်လာကာ :
"လင်းလင်း မင်းရော တခြားဘာစားချင်တာရှိလဲ?"

ပိုက်ဆံလား? သွားစမ်းပါ!!!(MM Translation)Where stories live. Discover now