Part-31

824 12 1
                                    

Part-31

"အဲ့ဒါဆို နမ်း"ဟုမင်းခန့်နှုတ်ခမ်းဆူလိုက်သည်။

"အာ..အကိုကလည်းရှက်စရာကြီး"

"မရှက်ပါနဲ့ ကိုယ်တို့ကလင်မယားဖြစ်ပြီးနေပြီလေ"

"ဘာတွေပြောနေတာလဲ အရှက်ကိုမရှိဘူး"

"ဘာတွေတွေးနေတာလဲ ကလေးမ ကိုယ်ပြောတာရိုးရိုးသားသားနော်"

"ဟာ သွားတော့မယ်"ဟုပြောပြီး မေနှိုင်းအကို့ရင်ခွင်ထဲကရုန်းထွက်ပြီး အောက်ထပ်မှာဟင်းချကိဖို့ပြင်ဆင်ရတော့သည်။

"မေဦး"

"ရှင် မမလေး"

"ဝက်သားတွေရှိသေးလား ရေခဲသေတ္တာထဲမှာ"

"ဟုတ် ရှိတယ် မနက်ကမှဝယ်လာတာ"

"အေး ထုတ်လိုက် အခုဝက်သားနဲ့အာလူးကို အစပ်လေးချက်လိုက်မယ်"

"ဟုတ် မမလေး"

မေနှိုင်းထုတ်ပြီးတဲ့ဝက်သားကိုနာရီဝက်လောက်ခဏရေခဲပျော်အောင်စောင့်လိုက်သည်။ပြီးတော့မှအရသာနယ်ပြီးချက်လိုက်တော့တယ်။

"မေဦး နင်ဟိုအမကိုသွားခေါ်လိုက်ထမင်းစားဖို့ကို"

"ဟုတ် မမလေး"

မေနှိုင်း မေဦးကိုပြောပြီးအကို့ကိုနှိုးဖို့အပေါ်တက်လာရတော့သည်။

အခန်းထဲရောက်တော့ အကိုကနှိုးနေပါတော့သည်။

"အကို ထမင်းစားမယ်"

"လာသွားမယ်"ဟု အကိုကပြောပြီး မေနှိုင်းလက်ကိုအတင်းဆွဲသွားတော့တယ်။

မေဦးဟိုအမကိုနှိုးဖို့အပေါ်တက်လာရပြန်တော့သည်။

"အမထမင်းစားဖို့လာခေါ်တာပါ"

"အင်း လာခဲ့မယ်"

မေဦးအခန်းထဲကအသံပေးသံကြားတော့ အောက်ကိုပြန်ဆင်းသွားလိုက်သည်။

မေဦးအောက်ရောက်တော့အကိုလေးကထိုင်နေပြီး မမလေးကထမင်းစားဖို့ပြင်ဆင်းနေတော့တယ်။မေဦးမြန်"သွားပြီး မမလေးကိုကူညီပေးလိုက်ပါတော့သည်။

တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)حيث تعيش القصص. اكتشف الآن