Part-2(zawgyi)

562 4 0
                                    

Part-2

ကျွန်တော့နာမည်က မင်းခန့်ပိုင်ပါဟုမိတ်ဆက်ပြီးချိန်မှာ ဆရာမက သူထိုင်ဖို့နေရာစီစဉ်ပေးသည်။

သား သူတို့နှစ်ယောက်ဘေးမှာသွားထိုင်လိုက်နော်လို့ပြောတော့ ကျွန်တော်ဆရာမပြောသည့်နေရာမှာ သွားထိုင်လိုက်သည်။

အာကာမင်းဝေနဲ့စွမ်းပြည့်ဟာ သူတို့နှစ်ယောက်နားလာထိုင်တဲ့ကျောင်းသားသစ်ကို သူငယ်ချင်းဖွဲ့ဖို့ စပြောလိုက်သည်။

မင်းခန့်ပိုင်

  ခန့်သည်သူနာမည်ခေါ်တော့လှမ်း၍ကြည့်လိုက်ပြီး

ပြောဆိုသည့်စကားတစ်လုံးသာပြောလိုက်သည်။
အဲ့ချိန်မှာ အာကာမင်းဝေက စမိတ်ဆက်လိုက်သည်။

ငါနာမည်က အာကာမင်းဝေ။ဒီကောင့်နာမည်က စွမ်းပြည့်လေ ငါတို့အခုသူငယ်ချင်းဖြစ်ပြီနော်

ငါ့နာမည်ကိုတော့ မင်းတို့နှစ်ယောက်သိပြီးကြပဲဆိုတော့ ထွေထွေထူးထူး မိတ်ဆက်မနေတော့ဘူး။လို့ပြောပြီး ဆရာမကစာစသင်ဖို့  သူ့ဘာသာစာအုပ်ကို ထုတ်ခိုင်းသည်။
သူမိန်းကလေးတန်းမှာထိုင်နေသည့် ခုနကကောင်မလေးကိုလှမ်းကြည့်လိုက်သည်။အဲ့တာကိုအာကာမင်းဝေ ကမြင်ပြီးသူ့ကို မေးခွန်းတွေစမေးလာတယ်
မင်းခန့် မင်း ခွင်းမေနှိုင်းကိုကြည့်နေတာလား ဘာလဲစိတ်ဝင်စားလို့လား

မဟုတ်ပါဘူး အဲ့ကောင်မလေးက ငါစဝင်လာကတည်းက သတိထားမိနေတာ။ငါဝင်လာတာကို ဂရုမစိုက်ပဲ စာအုပ်ကိုကြည့်နေတာ

အဲ့ချိန်မှာငြိမ်နေတဲ့ စွမ်းပြည့်ကစကားစပြောလာသည်။
အဲ့တာသူ့ပုံစံပဲလေ သူ့ကိုစိတ်ဝင်စားတဲ့သူတွေမှ အများကြီးပဲ ဒါပေမယ့်ဘယ်သူကိုမှ အဖက်လုပ်တာမဟုတ်ဘူး အရမ်းချေတာ ငါတို့တောင် သူ့ဘေးကနှစ်ယောက်နဲ့ခင်လို့သာ ငါတို့ကိုအားနာလို့ စကားပြောတာ

ဟုတ်တယ်ဟု အာကာမင်းဝေကပါ ဝင်ပြောလာသည်။

ဆရာမစာသင်နေတာကို ဂရုမစိုက်ကြပဲစကားပြောနေချိန်တွင် ဆရာမတစ်ယောက်က အတန်းပိုင်ကို အစည်းအဝေးရှိတယ်ဟုလာပြောသည်။
အစည်းအဝေး မသွားခင်ဆရာမက တစ်တန်းလုံးကိုမှာခဲ့သည်။

ဆရာမ အစည်းအဝေးသွားလိုက်အုန်းမယ် ခုနကသင်ထားတာတွေကိုပြန်ကြည့်ထားကြနော်

ဟုတ်ကဲ့ ဆရာမ ဟုပြောပြီးဆရာမကထွက်သွားသည်။ တစ်တန်းလုံးဆူညံလာကြသည်။
မေနှိုင်းစိတ်ပျက်မိတယ် သူကဆူညံသံကိုလုံးဝမကြိုက်ပါ။

အာကာမင်းဝေတို့အဖွဲ့က မေနှိုင်းတို့ဆီ ရောက်လာသည်။
အာကာမင်းဝေက သစ္စာဘေးနားဝင်ထိုင်ပြီးစကားစလာသည်။

ဟဲ့ သူက မင်းခန့်ပိုင်လေ ငါတို့လိုပဲသူ့ကိုခင်လို့ရတယ်သိလား

စွမ်းပြည့်မှ မင်းခန့်ပိုင်ကိုတစ်ဖွဲ့လုံးနဲ့မိတ်ဆက်ပေးသည်။
မင်းခန့် သူကသစ္စာမေ သူ့ဘေးကလပြည့်ဝန်း ဟိုဘက်ကတစ်ယောက်ကတော့ မင်းသိပြီးပြီးမလား

အေး သူတို့နှစ်ယောက်ကိုခင်သလို ကျွန်တော့်ကိုလည်းခင်လို့ရပါတယ်နော်

ဟုတ်ကဲ့ဟူ၍သစ္စာနဲ့လပြည့်တစ်ပြိုင်တည်းပြောလာသည်။မေနှိုင်းကတော့ ဂရုမစိုက်ပါ။
အဲ့တာကို အာကာမင်းဝေကမြင်တော့ မေနှိုင်းကိုခေါ်လိုက်သည်။
ဟဲ့ မေနှိုင်း

ဘာလဲ

သူက မင်းခန့်ပိုင်လေ

နင်အဲ့တာကိုဘယ်နှစ်ခါပြောမှာလဲ ငါသိပြီးပြီ

ငါကနင့်မသိမှာဆိုးလို့ပါ

စွမ်းပြည့်ကပါစကားဝိုင်းထဲဝင်လာသည်။
ဟဲ့ မေနှိုင်း
ကျစ် ဘာလဲဟာ ခဏခဏခေါ်နေကြတယ်

နင်ကလည်းစိတ်ကြီးပဲ

အေးလေအာကာမင်းဝေကပါ ဝင်ပြောသည်။

သူ့ကိုခင်တယ်မှတ်လား

ဟင့်အင်း မခင်ဘူး အားအားယားယား

မင်းခန့်ပိုင်လန့်သွားသည် သူ့ကိုအားမနာပဲတည့်ငြင်းတဲ့ကောင်းမလေးကိုသေသေချာချာကြည့်မိသည်။
စိတ်ထဲတွင် မလွယ်ကြောပဲဟုကောက်ချက်ချလိုက်သည်။



Coming soon part-3

တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)Where stories live. Discover now