Part-1(zawgyi)

858 1 0
                                    

2014/6/2 ရက်နေ့ ကျောင်းစဖွင့်ရက်..

မေနှိုင်းက၁၀တန်း စတက်ရပါတော့သည်။
မေနှိုင်6း:30မှာနိုးလာပါတယ် အမေကမေနှိုင်းမနိုးသေးဘူးအထင်နဲ့ မေနှိုင်းကိုလာ၍နှိုးနေသည်။
ဒေါ်မြသီတာမှတံခါးခါခေါက်ပြီး
သမီးရေ ထတော့လေ ဒီနေ့ကျောင်းစတက်ရမှာလေ မနက်စာအမေ အောက်မှာပြင်ပေးထားမယ်နော်

ဟုတ် သမီးနှိုးနေပါပြီအမေရဲ့

မေနှိုင်းကျောင်းသွားဖို့ပြင်ဆင်ပြီးအောက်ထပ်သို့ဆင်းခဲ့သည်။
အမေသမီး ရောက်ပြီ အဖေရော

သမီးအဖေက လမ်းလျှောက်ထွက်သွား
တယ်လေ သမီးတွက်အမေမုန့်ဟင်းခါးဝယ်ပေး

ထားတယ် စားပြီး ကျောင်းသွားတော့နော်

ဟုတ်အမေ

သမီး

ရှင် ပြောလေ အမေ

ဟိုဘက်ခြံကို အိမ်ပြောင်းလာကြတယ် ရန်ကုန်ကတဲ့

မေနှိုင်းအမေပြောတာကို မုန့်စားရင်းနားထောင်ပြီး ဘာမှတော့ပြန်မပြောခဲ့ပါ။
အမေသမီးကျောင်းသွားတော့မယ်နော်

အေးအေး ခဏလေး ဒီမှာထမင်းချိုင့်ယူသွားအုန်း အမေချဉ်ကြော်လေးထည့်ပေးထားတယ် သွားတော့သွားတော့ ကျောင်းနောက်ကျလိမ့်မယ် ဂရုစိုက်သွားနော် သမီး

ဟုတ်အမေဟုပြောပြီးအိမ်မှ စက်ဘီးစိီးပြီးထွက်လာခဲ့သည်။

အ.ထ.က(၂)ကျောင်းသို့ရောက်တော့
မေနှိုင်းတက်ရမည့်အခန်းကိုတွေ့တော့ အခန်းထဲဝင်ချိန်မှာ သစ္စာမေနဲ့ လပြည့်ဝန်းဆိုတဲ့
သူငယ်ချင်းနှစ်ယောက်ကမေနှိုင်းကိုတွေ့တော့ သူတို့နှစ်ယောက်က မေနှိုင်းကိုလက်ယှက် ခေါ်နေသည်။
မေနှိုင်းသူတို့နှစ်ယောက်ဘေးဝင်ထိုင်တော့ သစ္စာမေကစကားစလာတယ်။

ဟဲ့ မေနှိုင်း

မေနှိုင်းပြောဆိုသည့်မျက်လုံးနဲ့ကြည့်တော့ သစ္စာကဆက်ပြောသည်
ဒီနေ့ကျောင်းကို ကျောင်းသားအသစ်ရောက်မယ်တဲ့

အဲ့ချိန်မှာ လပြည့်ကပါဝင်ပြောသည်။
အေး ဟုတ်တယ် ရန်ကုန်ကတဲ့

ချောတယ်လို့ပြောသံကြားတယ်ဆိုပြီးသစ္စာကပြောတော့
နင့်မှာအာကာမင်းဝေတစ်ယောက်လုံးရှိနေတာကို ကျောင်းသားသစ်ကိုထပ်မှန်းသေးတယ်နော်

ဆိုပြီးလပြည့်ကပြောတော့သစ္စာကမျက်စောင်းထိုးပြီးပြောသည်။
လပြည့်စုတ်

သစ္စာပြောလည်းပြောမျက်စောင်းလည်းထိုးတော့သူလုပ်ရက်ကြောင့် ငြိမ်နေတဲ့မေနှိုင်းပြုံးမိသွားသည်။
ကျောင်းတက်ခေါင်းလောင်းထိုးတော့ မေနှိုင်းတို့စကားဝိုင်းကိုရပ်လိုက်သည်။ခေါင်းလောင်းထိုးပြီးချိန် နိုင်ငံတော်အလံသီချင်းကိုစဆိုရတော့
သည်။သီချင်းဆိုပြီးချိန် အတန်းထဲသို့
အတန်းပိုင်ဆရာမ ဒေါ်မူမူမြင့်ဝင်လာသည်။တစ်တန်းလုံး ဆရာမကိုနှုတ်ဆက်ကြသည်။
မင်္ဂလာပါဆရာမ

အေး မင်္ဂလာပါ သားတို့သမီးတို့ရေ

ဆရာမမှ စကားစပြောလာသည်။
ဒီနေ့ကျောင်းကို ကျောင်းသားသစ်ရောက်တယ် ဆိုတာသိပြီးကြပြီမလား

ကျောင်းသားကျောင်းသူတေအားလုံးက
ဟုတ် သိပြီးပါပြီ

ဟုဆရာမကိုပြောလိုက်သည်။
အဲ့ချိန်မှာဆရာမက

သားဝင်လာခဲ့နော်

လို့ခေါ်တော့ ကျောင်းသားသစ်အခန်းထဲသို့ဝင်လာခဲ့ချိန် တစ်ခန်းလုံးမှာရှိတဲ့ ကောင်မလေးတွေရဲ့မျက်လုံးတွေဟာ ကျောင်းသားသစ်ဆိုတဲ့လူဆီသို့ရောက်သွားကြသည်။မေနှိုင်းဘေးကနှစ်ယောက်ကပါသူ့ချောကြောင်းကိုတီးတိုးပြောနေသည်။မေနှိုင်းကတော့ င်္သချာစာအုပ်ကိုသာကြည့်နေမိသည်။
ခန့်ဟာ အတန်းထဲသို့ဝင်ဝင်လာချင်းမှာတင် သူ့ရဲ့အကြည့်ဟာ ဆံပင်ပုခုံးကျော်ခန့်လောက်ရှိပြီး
သူဝင်လာတာကိုအာရုံမစိုက်ပဲ စာအုပ်ကိုသာ
ကြည့်နေတဲ့ကောင်မလေးကိုရောက်ရောက်ချင်းမှာတင်စိတ်ဝင်စားမိသွားတယ် ကောင်မလေးအကြောင်းတွေနေချိန်မှာတင် ဆရာမက သူ့ကိုနာမည်မိတ်ဆက်ခိုင်းတော့ သူ့အတွေးတွေကိုရပ်လိုက်ပြီး သူ့နာမည် မိတ်ဆက်လိုက်သည်။

သား နာမည်ကိုတစ်တန်းလုံးသိအောင်မိတ်ဆက်လိုက်ပါအုံး

ကျွန်တော့်နာမည်က မင်းခန့်ပိုင်ပါ




Coming soon part-2

တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)Where stories live. Discover now